ဂုဏ်ရည်အေးကျော် Missiology ကပေးသည့် အင်တာနက်ဆု ပထမနေရာတွင် ရပ်တည်နေ

ပို့စ်တင်ချိန် - 12/17/2013 04:23:00 PM


ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ကျင်းပပြုလုပ်သည့် Miss International 2013 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ် စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်နေသည့် ဂုဏ်ရည်အေးကျော်သည် Missiology ကပေးသည့် အင်တာ နက်ဆုတွင် ပထမနေရာတွင် ရောက်ရှိနေသည်။ ယင်းဆုသည် ဒီဇင်ဘာ ၁၆ ရက်တွင် နောက်ဆုံးပေးခဲ့ သည့် People Choice Award ဆုအတွက် အွန်လိုင်းမဲပေးစနစ် ဖြစ်သည်။

အဆိုပါမဲပေးစနစ်တွင် ၀က်ဘ်ဆိုဒ် နှစ်မျိုးရှိပြီး Result အဖြေမမြင်ရသည့် ဂျပန်ဝက်ဘ်ဆိုဒ်တစ်ခုတွင် တစ်နေ့လျှင် သုံးဦးအထိ မတူညီသည့်သူသုံးဦးကို Vote ပေးခွင့်ပြုထားပြီး နောက်ထပ်မဲပေးနိုင်သည့် ၀က်ဘ်ဆိုဒ် တစ်ခုဖြစ်သည့် Missiology တွင် ဂုဏ်ရည်အေးကျော်က ၈၁၆၇ မှတ်မဲများဖြင့် ဦးဆောင် နေခြင်းကို တွေ့ရခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဂုဏ်ရည်အေးကျော်က ဒီဇင်ဘာ ၂ ရက်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ထွက်ခွာသွားခြင်းဖြစ်သည်။ ယင်းသည် မြန်မာနိုင်ငံမှ စတင်ထွက်ခွာ သည့်အချိန်ကစပြီး စခန်းသွင်းလေ့ကျင့်သည့်ကာလကို ဖြတ်ကျော်ခဲ့ပြီးနောက် ယခုအခါတွင် နောက်ဆုံး ပြိုင်ပွဲကို တက်ရောက်နိုင်ရန် အစမ်းလေ့ကျင့်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။

“မအားလပ်တဲ့ကြားထဲက ဆီးဂိမ်းမှာ မြန်မာအသင်းကို အားပေးနေသလို Miss Myanma ကို Vote ပေး နေကြတဲ့ ပြည်တွင်း ပြည်ပက ဂုဏ်ရည်ပရိသတ်များအတွက်လည်း Miss Myanmar 2013 ဂုဏ်ရည် အေးကျော်မှ ကျေးဇူးအထူးတင်ရှိပါကြောင်း” ကို ယင်း၏ ဖေ့စ်ဘွတ် စာမျက်နှာထက်တွင် ရေးသားဖော် ပြထားသည်။

ယင်းသည် Miss International 2013 ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် အင်္ဂလိပ် ဘာသာစကား၊ Miss တစ် ယောက်၏ လမ်းလျှောက်ပုံ၊ ခန္ဓာကိုယ်လှပမှုများကို လေ့ကျင့်ပြင်ဆင်ထားပြီးTalent Show အတွက် လည်း မြန်မာ့စောင်းတီးခြင်းကို လေ့ကျင့်ထားခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံအကြောင်း ပြောပြ ရန်အတွက် ရန်ကုန်၊ မန္တလေး၊ ပုဂံအကြောင်းအရာများကို လေ့လာထားပြီး ဂျပန်နိုင်ငံ၏ အကြောင်းအရာ များကိုလည်း မသွားခင်တွင် လေ့လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် အလှမယ်ပေါင်း ၆၇ ဦး ပါဝင်ပြီး (၅၃)ကြိမ်မြောက်ကျင်းပသည့် Miss International ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အင်တာနက်က တစ်ဆင့် တိုက် ရိုက်ကြည့်ရှုရမည် ဖြစ်သည်။ ယခုအချိန်တွင် Miss Photogenic ဆုကို Lithuania - Elma Segzdavi-ciute အလှမယ်က ရရှိပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

အဆိုပါMiss International ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နန်းခင်ဇေယျာက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ဆုများစွာရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ဂုဏ်ကို ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese