NLD ဗဟိုလူငယ်ညီလာခံ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဆန္ဒခံယူ ပွဲများကြောင့် ရွှေ့ဆိုင်းထား

ပို့စ်တင်ချိန် - 12/21/2013 08:00:00 AM


======================================
လင်းအောင်
======================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ NLD ဗဟိုလူငယ်ညီလာခံကျင်းပရေး အတွက် မြို့နယ်ညီလာခံအဆင့် အား ဒီဇင်ဘာလအတွင်း ကျင်း ပရန် လျာထားသော်လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး လူထုဆန္ဒခံယူပွဲ များကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်ကြောင်း ဗဟိုလူငယ် ညီလာခံကျင်း ပရေး ကော်မရှင်အဖွဲ့ဝင် ဦးတေဇက ပြောသည်။

NLD ဗဟိုလူငယ်ညီလာ ခံကျင်းပရေးကော်မရှင်အဖွဲ့ ဝင် ဘားအံမြို့နယ် NLD အ တွင်းရေးမှူးဦးတေဇက ''ဗဟို လူငယ်ညီလာခံကျင်းပဖို့အ တွက် မြို့နယ်အဆင့်လူငယ် ညီလာခံကို အရင်ကဒီဇင်ဘာ လထဲမှာ လုပ်ဖို့ရည် ရွယ် ထား ပေမယ့် နှောင့်နှေးနေတာက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင် ရေးအတွက် လုပ်နေလို့မ လုပ် ဖြစ်သေး တာပါ''ဟုပြောသည်။

မြို့နယ်အဆင့်ညီလာခံ ကျင်းပရန်အတွက် နှောင့်နှေး နေသော်လည်း ဗဟိုလူငယ် ညီလာခံအား ဧပြီလအတွင်း ကျင်းပနိုင်ရန် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင်က စီစဉ် ထားကြောင်း ယင်းက ဆက် လက်ပြောဆိုသည်။

လူငယ်ညီလာခံကျင်းပရေး အတွက် လူငယ်ဗဟိုညီလာခံ ကျင်းပရေးကော်မရှင် တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးမှ NLD လူငယ်၂၃ဦးနှင့် ဖွဲ့စည်းထားပြီး ညီလာခံကျင်းပ ရေးအတွက် ဗဟိုကော်မရှင်က ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ယင်းက ပြောဆိုသည်။

''ဗဟိုလူငယ်ညီလာခံကျင်း ပရေးအတွက် ကျွန်တော်တို့ လုပ်နေတယ်။ ဗဟိုက လျာ ထားတာက မတ်နဲ့ဧပြီမှာဖြစ် မယ်။ ကျင်းပဖို့လဲလုပ်နေတယ်။ ကျင်းလဲ ကျင်းပပါမယ်''ဟု ဦး တေဇက ပြောသည်။

မြို့နယ်၊ ခရိုင်၊ ပြည်နယ် နှင့်တိုင်းဒေသကြီးများနှင့် ဗဟို ညီလာခံများအား အဆင့်ဆင့် ကျင်းပသွားမည်ဖြစ်ပြီး ညီလာ ခံအဆင့်ဆင့်မှ ရွေးချယ်ခံရ သည့်ညီလာခံကိုယ်စားလှယ် များအတွက် မြို့နယ်မှစ၍ ဗဟို အထိ အလုပ်အမှုဆောင်နေ ရာများတွင် လူငယ်များအားနှစ် နေရာထည့်သွင်း သွားမည်ဖြစ် ကြောင်း သိရသည်။

လူငယ်ညီလာခံကိုယ်စား လှယ်အဖြစ် အသက် ၁၆ နှစ် မှ ၃၅နှစ်အကြား လူငယ်ပါ တီဝင်များ ပါဝင်နိုင်ကြောင်း သိရသည်။

Yangon Media Group