The Ideal Beauty ၀က်ဘ်ဆိုဒ်၏ အချောဆုံးအလှမယ် ၅၀ တွင် “ခင်ဝင့်ဝါ” ထပ်မံရွေးချယ်ခြင်းခံရ

ပို့စ်တင်ချိန် - 12/12/2013 09:30:00 PM


The Most Beautiful Woman အချောလှဆုံးစာရင်းတွင် မြန်မာနိုင်ငံမှ ခင်ဝင့်ဝါသည် top-50 တွင် ထပ်မံတည် ရှိနေပြန်သည်။ ယင်းသည် ကမ္ဘာ့အချောလှဆုံးအလှမယ် Top -100 စာရင်းတွင်လည်း ဆက်လက်တည်ရှိနေကြောင်း Miss Golden Land Myanmar Organization က မဇ္ဈိမသို့ပြောသည်။

ယင်းအလှမယ်များရွေးချယ်ရာတွင် Miss World, Miss Universe, Miss Supr-anational, Miss Earth, Miss International, Miss Grand International 2013 စသည့် အလှမယ်ပြိုင်ပွဲများ အားလုံးထဲက အလှမယ်များကို The Most Beautiful Woman အချောလှဆုံးအလှမယ်အဖြစ် ရွေးချယ်ခြင်းဖြစ်သည်။

အဆိုပါရွေးချယ်မှုတွင် The Ideal Beauty ၀က်ဘ်ဆိုဒ်သည် ၂၀၀၇ ခုနှစ်ကတည်းက အချောအလှဆုံး အလှမယ် များကို စတင်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခု တစ်ကြိမ်တွင် ခုနစ်ကြိမ်မြောက်ရွေးချယ် ခဲ့ခြင်းဖြစ် သည်။ ၎င်းအပြင် ယင်းဝက်ဘ်ဆိုဒ်သည် တစ်နှစ်လုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအလှမယ် ပြိုင်ပွဲများထဲက The Most Beautiful Woman အတွက်ရွေးချယ်ခြင်းဖြစ်သည်။

“ညီမ အရမ်းပျော်ပါတယ်။ ပထမဆုံး အယောက် ၁၀၀ ထဲပါတယ်။ အခု နောက်ထပ်အယောက် ၅၀ ရွေး တဲ့အထဲမှာလဲ ပါဝင်ခွင့်ရတဲ့အတွက် ၀မ်းသာမိတယ်။ နောက်ဆုံး ငါးယောက်ထဲမှာလဲ ညီမ ပါဝင်ဖို့က တော့ အဲဒီအဖွဲ့ရဲ့ရွေးချယ်မှုပါပဲ” ဟု ခင်ဝင့်ဝါကပြောသည်။

“ဒီနေ့မှာ The Ideal Beauty ၀က်ဘ်ဆိုဒ်က အယောက် ၅၀ ထပ်မံရွေးချယ်တဲ့စာရင်းမှာ ခင်ဝင့်ဝါ ထပ်မံ ပါဝင်ခဲ့တာ ပါ။ နောက်ထပ် အယောက် ၃၀ ကိုတော့ ဒီဇင်ဘာ ၁၉ ရက်မှာ ထပ်မံကြေညာမယ်လို့ သိရ ပါတယ်။ နောက်ဆုံးငါးယောက်အထိ ပါဝင်ဖို့ သူတို့ရဲ့ရွေးချယ်မှုပေါ်မှာပဲ မူတည်ပါတယ်” ဟု Miss Supranational Myanmar Organization မှ ဒါရိုက်တာ ကိုဝေယံအောင်ကပြောသည်။

The Ideal Beauty ၀က်ဘ်ဆိုဒ်သည် The Ideal Beauty 2013 က ဆန်ခါတင်အယောက် ၁၀၀ ကို ပထမဦးဆုံးစတင် ရွေးချယ်ခြင်းဖြစ်ပြီး ယခုနောက်တစ်ကြိမ် အဖြစ် အယောက် ၅၀ ကို ထပ်မံရွေး ချယ်ခဲ့ ခြင်းဖြစ်သည်။ ၎င်းင်းအပြင် နောက် ထပ် အယောက် ၃၀ ကို ဒီဇင်ဘာ ၁၉ ရက်တွင် ထပ်မံရွေးချယ်မည် ဖြစ်ပြီး ယင်းမှတစ်ဆင့် ငါးယောက်ထပ်မံရွေးချယ်ကာ The Most Beautiful Woman ကို တစ်ယောက် တည်းရွေးချယ်မည်ဖြစ်သည်။

Mizzima Burmese