ရင်သားကင်ဆာအား ပိုမိုတိကျစွာ စမ်းသပ်နိုင်မည့် 3D Mammography

ပို့စ်တင်ချိန် - 1/01/2014 01:52:00 PM


ယခင်သုံးလျက်ရှိသည့် ရင်သားကင်ဆာစစ်ဆေးသည့် mamography  စက်နှင့်ယှဉ်လျင် 3D Mammography  သို့မဟုတ် digital breast tomosynthesis  စက်က ရင်သားကင်ဆာအား ပိုမိုတိကျစွာ  ရှာဖွေပေးနိုင်ကြောင်း သိရသည်။ ယင်း သုံးသပ်ချက်အား နာမည်ကျော် တက္ကသိုလ် တစ်ခုဖြစ်သည့် University of Pennsylvania့ မှ လေ့လာသူများက Tomosynthesis နှင့် ယခင် Mammography  အား နှိုင်းယှဉ် စမ်းသပ်ပြီးနောက် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ Tomosynthesis  အား သုံးခြင်းအားဖြင့် ဓာတ်မှန်ကျွမ်းကျင်ပညာရှင်အနေဖြင့် ရင်သားအား ပိုမိုရှင်းလင်းစွာမြင်ရသည့် အပြင် မရှင်းလင်း၍ ထပ်မံရိုက်ရသည့်နှုန်းမှာလည်း ၁၀.၄% မှ ၈.၇၈% သို့ ကျသွားခဲ့သည်။ ထို့ပြင် ကင်ဆာအားတွေ့ရှိသည့် နှုန်းမှာလည်း ၂၂% ထိ တိုးတက်လာကြောင်း သိရသည်။
ဖိုးသောကြာ
ref:Netdoctor
Health Updates Journal