Android Q & A (အန်းဒရွိုက် အမေးအဖြေ)

ပို့စ်တင်ချိန် - 1/31/2014 12:28:00 PM


ကျွန်တော့်ရဲ့ဖုန်းက Huawei Ascend P6 ပါ။ ဖုန်းက Firmware ကျသွားပါတယ်။ Firmware ကျသွားပြီး ဖုန်းအတွက် Firmware အသစ်ပြန်ရေးလိုက်တော့ ဖုန်းကပြန်ကောင်းသွားပါတယ်။ ဒါပေမယ့် Google အထောက်အပံ့တွေ ပျောက်သွားပါတယ်။ ပြီးတော့ဖုန်းမှာ အရင်ကပါတဲ့ Notification Pannel ကလည်းပျောက်သွားပါတယ်။ အဲဒါဘယ်လို ပြန်လုပ်ရမလဲဆိုတာ သိပါရစေခင်ဗျာ။

Huawei Ascend P6 ဖုန်းမှာ Firmware ကျသွားလို့ ပြန်တင်တဲ့အချိန်မှာ အဆင်ပြေတယ်ဆိုရင်တော့ ကျန်တာတွေက ဘာမှဖြစ်စရာသိပ်မရှိပါဘူး။ ပထမဆုံး Notification Pannel ကိုကြည့်မယ်ဆိုရင်တော့ ကိုယ်တင်လိုက်တဲ့ Firmware ဟာ ပထမတင်ထားတဲ့ Firmware နဲ့ ဗားရှင်းချင်းမတူဘူး ဆိုရင်တော့ အသုံးပြုပုံစံတွေကလည်း ကွာခြားသွားနိုင်ပါတယ်။ Notification Pannel ကမပေါ်ဘူးဆိုတာက ဘာတစ်ခုမှ မပေါ်တော့တာလား ဆိုတာသိရဖို့ လိုအပ်ပါတယ်။ အချို့ဗားရှင်းတွေမှာက Notificaiton တွေဟာလက်တစ်ချောင်းတည်းနဲ့ ဆွဲချလိုက်ရင် ဘာမှမပေါ်ဘဲ ရှိနေတတ်ပါတယ်။ လက်ညှိုးနဲ့ လက်ခလယ် လက်နှစ်ချောင်းနဲ့ ဆွဲချလိုက်တော့မှ Notification Pannel တစ်ခုလုံးပေါ်လာတာမျိုးလည်း ရှိပါတယ်။ အဲဒါကြောင့် Notification အတွက်ကတော့ စမ်းသပ်ပြီးအသုံးပြုကြည့်ပါ။ Firmware အသစ်တင်ပြီးတဲ့အချိန်မှာ Google Service တွေပျောက်သွားတယ် ဆိုတာကတင်တဲ့ Firmware အသစ်က Original Firmware မဟုတ်ရင်တော့ Google Service တွေပါချင်မှ ပါလာတော့မှာပါ။ အဲဒါကတော့ ကိုယ့်ရဲ့ Firmware ကြောင့်မပါလာတော့တာ ဆိုရင်တော့နဂို Firmware ကိုပြန်ရှာပြီးတင်မှပဲ ရနိုင်ပါလိမ့်မယ်။ တစ်ခါတလေမှာတော့ Google Service တွေဟာ အစအဆုံး အသစ်ပြန်လုပ်ယူရတာမျိုးလည်း ရှိပါတယ်။ ဖုန်းရဲ့ Setting ထဲမှာရှိနေတဲ့ Add Account ဆိုတဲ့ထဲကိုသွားပြီးတော့ Google Service တွေကိုရှာဖွေကြည့်လိုက်ပါ။ တစ်ခါတလေမှာ တစ်ခုချင်းစီ Download ပြန်လုပ်ပြီး ထည့်သွင်းအသုံးပြုရတာ မျိုးလည်းဖြစ်တတ်ပါတယ်။



-ကိုသက်
Internet Journal