ကားအတွင်း အသုံးပြုနိုင်မည့် Apple iOS ဓာတ်ပုံများ Twitter တွင်ထွက်ပေါ်လာ

ပို့စ်တင်ချိန် - 1/31/2014 12:24:00 PM


Apple သည်ပြီးခဲသည့်နှစ် ဇွန်လကကျင်းပ ပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ Developer များဆွေးနွေးပွဲတွင် ကားအတွင်းအသုံးပြုထားသည့် iOS ကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပြီး ယခုအခါ အဆိုပါ ကားအတွင်း အသုံးပြုနိုင်မည့် iOS နှင့်ပတ်သက်သည့် screenshot များသည် Twitter မှတစ်ဆင့် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

Developer Steven Trough ton-Smith ဆိုသူက Twitter ပေါ်တွင် Apple ၏ iOS ကို screenshot ရိုက်ကူးထားသော ဓာတ်ပုံများကို ဝေမျှထားခြင်းဖြစ်ပြီး ထွက်ရှိလာသော ဓာတ်ပုံများအရ Apple သည်၎င်း၏ Map app ကိုမြင်တွေ့နေကျ GPS set-up ကဖြင့်ပေါင်းစပ်ပြု လုပ်ထားခြင်းဖြစ်သည်။ ၎င်း iOS တွင် status bar ကိုအပေါ်ဘက်တွင် အလျားလိုက်ထားကာ Book marks နှင့် Destination menu များပါဝင်ပြီး ၎င်းတို့ကို screen များ၏အပေါ်ထောင့် ဘယ်နှင့်ညာတွင် တွေ့မြင်ရမည်ဖြစ်သည်။

Apple ၏ဖော်ပြချက်အရ ကားအတွင်း အသုံးပြုထားသော iOS သည် Siri Eyes Free ကိုအသုံးပြု၍ ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျများလက်ခံခြင်း/ ပေးပို့ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် လမ်းညွှန်ခြင်းများ ကိုအသုံးပြုနိုင်သည်။ Apple အနေဖြင့် iOS 7.1 update ထွက်ရှိသည့် အချိန်တွင် ၎င်း feature ကို မိတ်ဆက်သွားဖွယ်ရှိပြီး ယခုအခါ ၎င်း iOS 7.1 beta ကို developer များထံစမ်းသပ်ဖြန့်
ဝေထားကြောင်း သိရသည်။

 Download လုပ်ရန်

-စိုးထက်
Ref: Gigaom
Internet Journal