Barcamp Mandalay 2014 ကျင်းပပြုလုပ်မည်

ပို့စ်တင်ချိန် - 1/15/2014 07:00:00 AM


အတွဲ (၁၅)၊ အမှတ် (၃)
စတုထ္ထအကြိမ်မြောက် Barcamp Mandalay 2014 ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



“ဘားကမ့် မန္တလေးပွဲတွေက တစ်နှစ်ထက်တစ်နှစ် လူပိုများတယ်။ ထူးခြားတာကတော့ နည်းပညာ သီးသန့်အတွက်ပဲ ရည်ရွယ်ပြီး လုပ်တဲ့ပွဲမဟုတ်ဘူး။ မန်းဘားကမ့်မှာက အကြောင်းအရာစုံလင်မယ်။ အရင်နှစ်တွေကလည်း ငှက်များအကြောင်းလိုမျိုး အကြောင်းအရာတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာတွေ ပါဝင်ဆွေးနွေးပေးခဲ့ကြတာကို တွေ့ရတယ်။ အဓိကကတော့  ပြောချင်တာလေးတွေ ပြောခွင့်ရအောင် စီစဉ်ပေးတာပါ။ ကြိုတင်ပြီး ခေါင်းစဉ် စီစဉ်ပေးထားတာမျိုးလည်း မရှိဘူ။ မနှစ်ကထက်စာရင်  အကြောင်းအရာတွေ ပိုစုံလင်လာမယ်လို့ ထင်ပါတယ်။ ကျင်းပမယ့် နေ့နဲ့ နေရာကိုတော့ ထပ်ပြီး အသိ ပေးသွားပါမယ်” ဟု BarCamp Mandalay Organizer တစ်ဦးဖြစ်သူက ပြောသည်။



မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဖုန်း-၀၂-၆၉၃၁၃ သို့ ဆက်သွယ်ပြီး BarCamp Mandalay 2014 နှင့်  ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်မည်ဖြစ်ပြီး www.barcampmandalay.org နှင့် MCPA နှင့် သက်ဆိုင်သည့် Facebook စာမျက်နှာတွင်လည်း barCamp mandalay သတင်းအချက်အလက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။ Barcamp Mandalay ပွဲများအား မန္တလေးတွင် ၂၀၁၁ ခုနှစ်၊ ဒုတိယအကြိမ်အား ၂၀၁၂၊ ၂၀၁၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြုလုပ်ခဲ့သော ကာလအတွင်း ကမ္ဘာပေါ်တွင် တက်ရောက်သူ အများဆုံးပွဲများ ဖြစ်ခဲ့ကြောင်း သိရသည်။



မန္တလေး
Internet Journal