ပရီးမီးယားလိဂ် ဟန်ဆောင်ဒိုင်ဗင်ထိုးသူများစာရင်းတွင် ဂျာနူဇတ် ဒုတိယနေရာရရှိ

ပို့စ်တင်ချိန် - 1/03/2014 08:51:00 AM




မန်ယူတောင်ပံကစားသမား ဂျာနူဇတ်မှာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့်
အ၀ါကတ်အများဆုံး ပြသခံရသည့် ကစားသမားစာရင်းတွင် ဒုတိယနေရာ ရောက်ရှိလာခဲ့သည်။ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုများကို အ၀ါကတ်ပြ သတိပေးမှုစတင်ခဲ့သည့် (၂၀၀၈)ခုနှစ် သြဂုတ်လနောက်ပိုင်း မှတ်သားထားသည့်စာရင်းများအရ စပါးကစားသမားဟောင်း ဘေးလ်မှာ
အ၀ါကတ်(၇)ကြိမ် ထိခဲ့ပြီး မန်ယူအတွက် ပရီးမီးယားလိဂ် (၁၄)ပွဲ ကစားရာတွင် ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ဂျာနူဇတ်အနေဖြင့် အ၀ါကတ်(၃)ကြိမ် ပြသခံခဲ့ရသည်။

ယခုရာသီ၌ အ၀ါကတ် (၅)ကြိမ် ပြခံထားရသည့် ဂျာနူဇတ်မှာ ဆန်းဒါးလန်းနှင့်ပွဲတွင် အသင်းအတွက် အနိုင်ဂိုးများ သွင်းယူပေးခဲ့သော်လည်း ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့် အ၀ါထိခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာက ကစားခဲ့သည့် ၀က်စ်ဟမ်းနှင့်ပွဲစဉ်တွင်လည်း ဂျိမ်းစ်ကောလင်းနှင့် ထိခိုက်မှုတစ်စုံတရာ မရှိခဲ့ဘဲ လှဲချခဲ့ခြင်းကြောင့် အ၀ါကတ် ထိခဲ့ပြန်သည်။ ထို့အပြင် စပါးကို ရှုံးခဲ့သည့်ပွဲ၌ နောက်ခံလူ ဒန်နီရို့စ်နှင့် ထိမိပြီးနောက် လဲကျခဲ့သည့် ၎င်းကို ကွင်းလယ်ဒိုင် ဟောင်းဝက်ဝက်ဘ်မှ အ၀ါကတ်ပြခဲ့သည့်အတွက် ဂျာနူဇတ်မှာ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုကြောင့် အ၀ါကတ်(၃)ကြိမ် ပြခံခဲ့ရပြီး အသင်းဖော် အက်ရှ်လေယန်းကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဟန်ဆောင်ဒိုင်ဗင်ထိုး၍ အ၀ါကတ်အများဆုံး ပြသခံရသည့်စာရင်းတွင် အဆင့်(၂)နေရာ ရောက်လာခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်မှာလည်း အဆိုပါစာရင်းတွင် အ၀ါကတ်(၃)ကြိမ်ဖြင့် အဆင့်(၂)နေရာ ရပ်တည်နေသည်။

Yoyarlay