မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူး အောင်မြင်စွာမွေးဖွား

ပို့စ်တင်ချိန် - 1/12/2014 09:00:00 PM


မိုးကုတ် ဇန်န၀ါရီ ၁၁

မန္တလေးတိုင်ဒေသကြီး မိုးကုတ်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဇန်န၀ါရီလ ၁၀ ရက် ၁၀ နာရီ ခွဲအချိန် က ဆင်ခွါကျေးရွာမှ မိခင် မနီလာဝင်း မှ ယောကျာင်္းလေး တစ်ဦးနှင့် မိန်းကလေးနှစ်ဦး ၃ မွှာ ပူးအောင်မြင်စွာ မွေးဖွားနိုင်ခဲ့သည်။

၃ မွှာပူး ကလေးများ၏ ဖွားဖွား ဒေါ်နွဲ့က “အရင် ရွာကပြနေကျ ဆရာမနဲ့ပြကြည့်တော့ ၂ မွှာပူးပဲထင် တာ၊ မွေးဖွာရက်နီးလို့ဆေးရုံကြီး လာတက်မှပဲ ၃ မွှာပူးဖြစ်နေမှန်း သိရတာ၊ မန္တလေးဆေးရုံမဆင်း ရပဲ မိုးကုတ်ဆေးရုံကြီးမှာပဲ အောင်မြင်စွာမွေးဖွားပေးတဲ့အတွက် ဆရာဝန်မကြီးနဲ့ ဆရာမတွေကို ကျွန်မအနေနဲ့ ကျေးဇူးအများကြီးတင်ပါတယ်၊ ကလေးတွေက သမီးရဲ့သားဦးလေးတွေဖြစ်ပြီး ယောကျာင်္းလေးက ၅ ပေါင် ကျော်နဲ့ မိန်းကလေးနှစ်ဦးက လေးပေါင်းကျော်ရှိပြီး ကျန်းကျန်း မာမာရှိကြတဲ့ အတွက် ပျော်ရွှင်မိပါတယ်၊” ဟု ပြောပြသည်။

အဆိုပါ ၃ မွှာပူးများအတွက် မိုးကုတ်မြို့နယ် မိခင်နှင့် ကလေးစောင်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်ခိုင် ၀ါဝါထွဋ် နှင့် အဖွဲ့ဝင်များက ဇန်န၀ါရီလ ၁၁ ရက်နေ့က ကလေးအသုံးအဆောင်များ အပါ အ၀င် ထောက်ပံ့ ငွေစုစုပေါင်း (၁၀၆၀၀၀) ကျပ် အား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar