ကျိုက်ထိုမြို့ရောက် မိုးစက်ဝိုင်

ပို့စ်တင်ချိန် - 1/12/2014 08:58:00 PM







ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Miss Universe Myanmar သရဖူပိုင်ရှင်  မိုးစက်ဝိုင် ရောက်ခဲ့တဲ့နေရာတခုကတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့ ဆိပ္ဖူးတောင် လူငယ်ဖွံ့ဖြိုးရေးဂေဟာပါပဲ။

မိုးစက်ဝိုင်က ပြီးခဲ့တဲ့နှစ် Miss Universe Myanmar ပြိုင်ပွဲ မတိုင်ခင် တခြားသော ပြိုင်ဘက်များနဲ့အတူ အဲဒီနေရာကို ရောက်ခဲ့ပြီးပါပြီ။
  ပရဟိတ လူမှုရေး လှုပ်ရှားမှုများ သွားရောက်လုပ်ကိုင်ခဲ့ကြတာပါ။  မိဘမဲ့ကလေးငယ်များကို သွားရောက်တွေ့ဆုံ အားပေးကြတာပါ။

အခုတော့ သူ အဲဒီနေရာကို ထပ်ရောက်ခဲ့ပြန်ပါပြီ။
ဒီခရီးစဉ်ဟာ Miss Universe Myanmar သရဖူဆောင်းသူ လုပ်ကိုင်ရမယ့်   ပရဟိတ လုပ်ငန်းများရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။

ကျိုက်ထိုနဲ့ အနီးဝန်းကျင်မြို့တချို့ကိုလည်း ရောက်ခဲ့မယ်လို့ ယူဆရပါတယ်။
ဧရာဝတီ သတင်း