မုံရွာမြို့တွင် မူးယစ်သောက်စားပြီး အုပ်စုဖွဲ့ရိုက်နှက်သူများ ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 1/20/2014 06:22:00 PM


မုံရွာ ဇန်နဝါရီ ၂ဝ

စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့တွင် အရက်သေစာ သောက်စား မူးယစ်ကာ အုပ်စုဖွဲ့ အကြောင်းမဲ့ ရမ်းကားပြီး လမ်းသွား လမ်းလာများအား တုတ်ဖြင့် လိုက်လံ ရိုက်နှက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ(၁၉)ရက်နေ့ ည(၁ဝ)နာရီ(၅ဝ)မိနစ်ချိန်ခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ် ကွက် ဗိုလ်ချုပ်လမ်းမပေါ် တွင် ကွေ့ကြီး ရပ်ကွက်နေ သီဟ(ဘ)ဦးရွှေရ၊ သန်းအောင်(ဘ) ဦးကျော်သူအောင်၊ ဖိုးဇော်(ခ)ဇော်ဇော်ဦး(ဘ)ဦးသန်းထီ၊ ပေါက်စ(ခ)ဟိန်းမင်းလတ်(ဘ)ဦးဥာဏ်လင်းထွန်း၊ ဖြိုးစည်သူ(ဘ) ဦးဇော်ဝင်းတို့(၅)ဦးသည် အရက်သေစာ များသောက် စားမူးယစ်ပြီး (၂x၁)လက် သစ်သားတုတ်ကိုင်လျက် လမ်းသွားလမ်းလာများကို လိုက်လံရိုက်သဖြင့် ကိုနောင်(ဘ)ဦးမျိုးမြင့်၊ ငြိမ်းချမ်းမိုး(ဘ)ဦးအောင်ရွှေ တို့နှစ်ဦး သည် ဒဏ်ရာများ ရရှိခဲ့သည်။

ထိုသို့ ပြင်းထန်းစွာ ဒဏ်ရာရရှိအောင် အုပ်စုဖွဲ့ရိုက်နှက်သူ သီဟ(ဘ)ဦးရွှေရ ပါ(၅)ဦးတို့အား ကိုနောင်၏ ဘခင်ဖြစ်သူမှ ဦးမျိုးမြင့်မှ အမှုဖွင့်တိုင်တန်း သဖြင့် မုံရွာမြို့၊ မြို့မရဲစခန်းမှ (ပ)၂၄/၂ဝ၁၄၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ -၃၂၆/၃ဝ၇ အရ အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar