မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ရန်နိုးဆော်သည့် ဆိုင်းဘုတ်အား မနောကွင်းရှေ့တွင် စိုက်ထူ

ပို့စ်တင်ချိန် - 1/12/2014 12:30:00 AM


(၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် “ဤမြစ်ဆုံအလှသည် ကမ္ဘာတည် သရွှေ့ လှပနိုင်ပါစေ ၀ိုင်းဝန်း ကာကွယ်ကြပါစို့” ဆိုသည့် စာတန်းပါသည့် ဆိုင်းဘုတ်အား မြစ်ကြီးနားမြို့ရှိ မနောကွင်းရှေ့ တွင် ဒေသခံ မြစ်ဆုံစီမံကိန်း ကို မလိုလားသူများစုပေါင်းပြီး စိုက်ထိုခဲ့ကြောင်း သတင်းရရှိသည်။

(၆၆) နှစ်မြောက် ကချင်ပြည်နယ်နေ့တွင် (၂၀၁၅)အထိ ရပ်ဆိုင်းထားသည့် မြစ်ဆုံစီမံကိန်း အား နောက်အစိုးရ လက်ထက်တွင်လည်း ဆက်လက် လုပ်ဆောင်မှု မပြုဖို့ အတွက် ပြည်သူများအားလုံး ပူပေါင်းတားမြစ်ရန် နိုးဆော်သည့် အနေနှင့် စိုက်ထိုးခဲ့ခြင်းဖြစ်သည်။

“၆၆ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့် အနေနှင့် အရန်းလှပတဲ့ မြစ်ဆုံပုံကို ကျွန်တော် တို့ ပြခြင်းဖြစ်တယ်။ မြစ်ဆုံကို အလုံးဝိုင်းပြီး ကန့်ကွက် နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဆိုင်းဘုတ် ထောင်ခြင်းဖြစ်တယ်။ ’ဟု ဖာသာ နော်ဒင့်ကဆိုသည်။

Cpi အနေနဲ့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြည်သူတွေအနေ နဲ့လည်း ဆန္ဒပြသည့် အထိ ပြုလုပ်ဖြစ်ကြောင်း မြစ်ဆုံစီမံကိန်းကို ပြန်လုပ် ခွင့်ပြုမည့် သူလဲ နောက်နောင်လည်း မရှိတော့ဘူးလို့ ယုံကြည်ထားကြောင်း ဖာသာနော်ဒင့်မှ ဆက်လက်ဆိုသည်။

ကချင်ပြည်နယ်လူမှုအဖွဲ့အစည်းများ နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ ကိုမြအေးတို့ အဖွဲ့ မြစ်ကြီးနားမြို့ မဒီယာ ဟိုတယ် တွင် ဒီဇင်ဘာ ၁၁ နေ့တွင်တွေ့ဆုံစဉ်လည်း ၂၀၁၅ အကုန်ပြန် လည် ထွက်ပေါ်လာမည့် မြစ်ဆုံစီမံကိန်းအား ဆက်လက်ကန့်ကွက်ရမည်ဖြစ်ပြီး နည်းလမ်းရှာ ရမည် ဖြစ်ကြောင်း ကို ဆွေးနွေးခဲ့ကြသည်။

(၆၆) နှစ်မြောက်ကချင်ပြည်နယ်နေ့ အခမ်းအနားအား မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ်အစိုးရနှင့် ကချင်နှစ်ခြင်းခရစ်ယာန်လူငယ်များမှ အခမ်းအနားများ အသီးသီးကျင်းပခဲ့ကြသည်။

Kachinwaves