ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တိရိစ္ဆာန်များ အခမဲ့ ငှားပေးတော့မည်

ပို့စ်တင်ချိန် - 1/09/2014 04:10:00 PM


ရန်ကုန်၊ ဇန်န၀ါရီ  ၉။

၂၀၁၄ ခုနှစ် ဘဏ္ဍနှစ်အတွင်း တောင်သူလယ်သမားများ စိုက်ပျိုးရေးနှင့် မွေးမြူရေးသမား အဆင်ပြေစေရန်အတွက် မွေးမြူရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး ဝန်ဦးဌာနမှ မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်ဖြင့် ချိတ်ဆက်ကာ တိရိစ္ဆာန်အခမဲ့ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိရိစ္ဆာန်အခမဲ့ ငှားရမ်းပေးရာတွင်လဲ လိုအပ်သည့် အကောင်အရေအတွက်အတိုင်း ချထားပေးသွားမည် ဖြစ်ပြီး အငှားကာလ သက်တန်းပြည့်ပါက ပြန်လည် ပေးအပ်ရမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး ဝန်ဦးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခန့်ဇော်က ပြောသည်။

“မွေးမြူရေး ဘဏ်နဲ့ ချိတ်ပြီးတော့ လုပ်ပေးနေပြီ လိုအပ်သလောက် ငှားရမ်းပေးမယ် ကာလပြည့်ရင်တော့ ပြန်ပေးရမှာဖြစ်တယ်။ ငှားရမ်းထားတဲ့ တိရိစ္ဆာန်တွေရဲ့ ကျန်းမာရေးကိုလည်း ကျွန်တော်တို့ ကပဲစောင့်ကြည့် ကျက်မတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးခန့်ဇော်မှဆိုသည်။

တိရိစ္ဆာန် အခမဲ့ငှားရမ်းရန်အတွက် သက်ဆိုင်ရာမြို့နယ် ကျေးရွှာများ အထောက်ပြု ကော်မတီများ၏ ထောက်ခံချက်များ လိုအပ်ပြီး ၎င်းထောက်ခံချက်များအပေါ်ကြည့်ပြီးမှာသာ ငှားရမ်းလိုသည့် တိရိစ္ဆာန်အား ချထားပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး ဝန်ဦးဌာနမှ သိရသည်။

“ငှားရမ်းပေးလို့ တော့ ရတယ် ဒီလူက နွားမွေးနိုင်လား ဆိတ်မွေးနိုင်လား ဝက်မွေးနိုင်လားဆိုတာကိုတော့ ဆရာတို့ အနေနဲ့ စီစစ်အုမ်းမယ် ” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်း ပြောဆိုသည်။

ယင်းကဲ့သို့  တိရိစ္ဆာန်အခမဲ့ ငှားရမ်းပေးသွားမည့်အပြင် တောင်သူလယ်သမားများ စိုက်ပျိုးရေးသမားများနှင့် မွေးမြူရေးသမားများအတွက် ငှားရမ်းထားသည့် သက်တမ်းကာလအတွင်း လိုအပ်သည့် နည်းပညာများကို လည်း မွေးမြူရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး ဝန်ဦးဌာနမှ ထောက်ပံ့သွားမည်ဖြစ်ကြောင်း  သိရသည်။

တိရိစ္ဆာန်အခမဲ့ ငှားရမ်းပေးရာတွင်လည်း တိရိစ္ဆာန် အမျိုးအစားအလိုက် ၂ နှစ်မှ ၃ နှစ်အထိချထား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age