လယ်ယာမြေနှင့် မြစ်ဆုံအရေး ဖယ်ဒရယ်မဟာမိတ် လတ်တလောကိုင်တွယ်မည်

ပို့စ်တင်ချိန် - 1/19/2014 07:30:00 AM


နိုင်ငံရေးပါတီ ၁၁ခုနဲ့ စုစည်းလိုက်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA က ဇန်နဝါရီ ၁၇ရက်နေ့မှာ ပထမဆုံးအစည်းအဝေးကျင်းပပြီး လယ်ယာမြေနဲ့ မြစ်ဆုံစီမံကိန်း နှစ်ခုကို လတ်တလောဆောင်ရွက်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ဖယ်ဒရယ် မဟာမိတ်အဖွဲ့ဟာ နိုင်ငံရေးပါတီတွေစုပေါင်းပြီး ဖွဲ့စည်းထားတာကြောင့် မတူညီတာတွေကို ညှိနှိုင်းယူရဦးမှာဖြစ်ပြီး ထုတ်ပြန်လိုက်တဲ့ လယ်ယာမြေနဲ့ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံရေးနဲ့စီးပွားရေး လမ်းကြောင်းချော်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပထမဆုံး အစည်းအဝေးဖြစ်တာကြောင့် ဒီရည်ရွယ်ချက်နှစ်ခုနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ အသေးစိတ် မရေးဆွဲရသေးဘူးလို့ ဆိုပါတယ်။

လယ်ယာမြေပြဿနာနဲ့ မြစ်ဆုံစီမံကိန်းအရေး ဖြေရှင်းဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းအသီးသီးကိုလည်း အကြောင်းကြားပြောဆိုသွားမယ်လို့ ဆိုပါတယ်။
Kamayut Media