တရားမ၀င် ကျောက်စိမ်းအရိုင်းတုန်းများ တရုတ်ကို တင်ပို့မူ တားဆီးစေလို (ပေးစာ)

ပို့စ်တင်ချိန် - 1/09/2014 12:14:00 PM


ကချင်ပြည်နယ်၊ မိုးညုင်းခရိုင် ၊မိုးကောင်းမြို့နယ်၊ နမ္မတီး ကျေးရွာအုပ်စု၊ မကောက်စွပ် ကျေးရွာတွင် ကျောက်စိမ်း အရိုင်းတုံးများ စုပုံထားရာ ၎င်းကျာက်များမှာ တရားမ၀င်ဖြစ်ကြောင်း သိရှိရပါသည်။

တရားမ၀င်ကျောက်များကို ဖားကန့်၊ နန့်တိန်း၊ နန်းယား၊ယုဇနလမ်းမကြီး၊ လက်ဝါး၊ နမ္မတီးကျေးရွာ အထိ တရားမ၀င်ကျောက်စိမ်း အရိုင်းတုံး (ကျောက်များ) ရောက်ရှိနေပါသည်။ ကျောက်များကို ခြံထဲတွင် စုပုံပြီး သိုလှောင်ရုံ အဖြစ် ထားရှိသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများအား သိရှိစေလိုပါသည်။

ထိုသို့ အခြေပြု စုပုံသိုလှောင်ရုံးများမှ တစ်ဆင့် ဥပဒေမဲ့ အဆင့်ဆင့် ထုတ်ယူရာတွင် ရေလမ်းအသုံးပြုမူဖြင့် မိုးကောင်း-နမ္မတီး၊ ချောင်းဆုံမှ တိန်းဖန်၊ ဟိုကပ်၊ တာလောကြီး၊မြို့သစ်၊ နန်ဆန်ယန်၊ လိုင်ဇာသို့လည်းကောင်း၊
တရုတ်နိုင်ငံသို့ တရားမ၀င်လမ်းကြောင်းဖြင့် ထုတ်ယူရန် ဦးဆောင်သူ နမ္မတီးမြို့သစ်နေ ကိုမျိုးလွင် ကြံခိုင်ရေး ပါတီ စည်းလုံးရေးမှူးသည် ကြံခိုင်ရေးရုံးဆောက်လုပ်ရန် မတည်ရန် ရန်ပုံငွေ ခေါင်းစဉ်ဖြင့် ညိုနှိုင်း ရရှိမူငွေ ကြေးပမာဏ တစ်စုံတစ်ရာဖြင့် လက်ခံ၍ လုပ်ဆောင်ထားသည်ကိုလည်း သိရှိရပါသည်။

ရေလမ်းကြောင်းဖြင့် တရားမ၀င်ကျောက်စိမ်းတုံးအရိုင်းများအား သယ်ဆောင်ရာတွင် အသုံးပြု ရေယာဉ် စက်လှေများမှာ နမ္မတီး၊သစ္စာရပ်ကွက်နေ (၁) ကိုယုလွင် (၂) ကိုအောင်ဌေး (၃) ဖိုးကုလား (၄) ကိုအောင်ဦး (၅) မောင်ညို ၄င်းစက်လှေများဖြင့် ဦးဆောင်သူကို ထပ်မံစက်လှေ (၂၈)စီးကို ငွေကြေး သတ်မှတ်ချက် တစ်ခုဖြင့် ငှါးရမ်းအသုံးပြုခဲ့ပါသည်။

ငှါးရမ်း အသုံးပြုရေယာဉ်ငယ် စက်လှေများမှ “မောင်ညို” မောင်နှင်းလာသော တရားမ၀င် ကျောက်စိမ်းတုံး အရိုင်းတုံး(၂၂) အိတ်တင်ဆောင်လာသော စက်လှေသည် ၆.၁၁.၂၀၁၃ ည ၈ နာရီခန့်တွင်  ဟိုကပ်ကျေးရွာမှ တစ်မိုင်ကျော်ခန့် အကွာတိန်းဖန်ရွာ အ၀င်တွင် တိမ်းမှောက်နစ်မြုပ်သွားခဲ့သည်ကိုလည်း အများသိရှိခဲ့ပါသည်။

သို့ဖြစ်ပါ၍ တရားမ၀င်ကျောက်စိမ်းအရိုင်းတုံးများအား ဥပဒေမဲ့ ဖော်ပြပါ အခြေပြု တည်နေရာမှ တစ်ဆင့် သို့လှောင် ထုတ်ယူနေသူ ကြံ့ခိုင်ရေး ပါတီဝင် ကိုမျိုးလွင်သည် ပါတီအရှိန် အ၀ါသုံး၍ ကိုယ့်ကျိုးရှာသူဖြစ်ပြီး အများပြည်သူ ရှေ့မှောက်တွင် ထင်ဟပ်သွားစေခဲ့ပြီး နမ္မတီ အခြေပြုအခြား အတိုက်ခံပါတီဝင်များ အနေဖြင့် လာမည့် ၂၀၁၅ မဲဆွယ်စည်းရုံးရေး ကာလတွင် ဖော်ပြပါလုပ်ရပ်ကြောင့် ဝေးကွာသွားမူ တစ်ခု ဖြစ်သွား စေခဲ့သည် ကိုလည်း သိရှိနိုင်ပါရန် အချိန်မီ အလေးထားတင်ပြအပ်ပါသည်။

၂၈.၁၁.၂၀၁၃ နေ့နံနက် ၁၀း၃၀အချိန်ခန့် Ph;096401303 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းထံသို့ အများသူငှါ ပိုင်ဆိုင်သော နိုင်ငံ၏ အဖိုးတန်းရတနာများအား ဥပဒေမဲ့ သယ်ဆောင်နေခြင်းကို တာဝန်သိ ပြည်သူ တစ်ဦး အနေဖြင့် အချိန်နဲ့ တပြေးညီ သတင်းကူညီထောက်ပံ့ပေးပို့ခဲ့ပါသော်လည်း ယနေ့အချိန်ကာလ အထိ ထူးခြားမှု တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခဲ့ခြင်း အလျင်မတွေ့ရပါ။

မကောက်စွပ်တောင်ကနေ ၁၀ ဘီးကလားများဖြင့် ရွေ့ပြီး နမ္မတီကျေးရွာ၊မရန်းကျေးရွာအနီး တာပေါဘာရားနားတွင် ပြန်လည်စုပုံပြီး ရေလမ်းကြောင်း အတိုင်း စက်လှေများဖြင့် တင်ဆောင်ပြီး ဆင်ဘို၊ နန်ဆန်ယန်ရွာ ၊ လိုင်ဇာ ၊ တရုတ်ပြည်သို့ ပို့ဆောင်နေသည်ကို အထက်လူကြီးများ သိအောင် တင်ပြလိုက်ပါသည်။

ကချင်ဒေသခံ
Burmesenews narinjara