၁၄ ရက်ကြာ အစာငတ်ခံ လမ်းလျှောက်ဆန္ဒပြခြင်း

ပို့စ်တင်ချိန် - 1/20/2014 12:59:00 PM


 သတင်းနှင့်  ဓာတ်​ပုံ - ခိုင်​ကြီး (​တောင်​ကုတ်​)
 ရန်ကုန် မြောက်​ဒဂုံမြို့နယ် မ​ကွေး​ကျောင်းမှ ဦးရက္ခဝံသသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစာငတ်ခံပြီး ၁၄ ရက်ကြာ လမ်းလျှောက်ဆန္ဒပြခဲ့သည်။

ယခုလ ၆ ရက်နေ့မှ စတင်ပြီး မန္တလေး မဟာမုနိဘုရားမှ ရခိုင်ပြည်နယ်အထိ လမ်းလျှောက်စဉ် ဆွမ်းမစားဘဲ အချိုရည် နှင့် ရေကို သုံးဆောင်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွှတ်​​ပေးရန်​ ဆန္ဒပြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံသားတဦးက အစာငတ်​ခံ လမ်း​လျှောက်​ဆန္ဒပြရာတွင် ဦးသိန်းစိန်​ အစိုးရက  မင်းကျင့်​တရား ဆယ်ပါး၊   ဗြဟ္မ​စိုရ်တရား​လေးပါး  လက်ကိုင်ထားပြီး ကြည့်သလား၊ ရန်သူလို ကြည့်သလား ဆိုတာကို စဉ်းစားရန် ဆရာ​တော်​ကြီးများက ဦးရက္ခဝံသကို  ​မိန့်​ကြားခဲ့ကြောင်း သိရသည်။

အခုချိန်​ထိ  ရန်​သူလား မိတ်​​ဆွေလား မ​ပေါ်လွင်​သေးပါဟု ဦးရက္ခဝံသက မိန့်ကြားသည်။

ရှစ်​​လေးလုံး ​ငွေရတု မတိုင်​ခင်​ နိုင်​ငံ​ရေး အကျဉ်းသား လွှတ်​​ပေးရန်​ ​တောင်းဆိုခဲ့​ကြောင်း၊ ဒုတိယ အကြိမ်​ ​တောင်းဆို​ပြီး လမ်းလျှောက် ဆန္ဒပြချိန်တွင် ဦးသိန်းစိန်က သူ၏ နိုင်​ငံခြား ခရီးစဉ်နှင့် တိုက်ဆိုင်ပြီး  ၅၆ ​ယောက်​လွှတ်​ ပေးခဲ့ကြောင်း၊
 ကျန်​ရှိနေသော နိုင်​ငံ​ရေး  အကျဉ်းသားတို့ကို  ၂ဝ၁၄ နှစ်​မကူးခင်​ လွှတ်ပေးမည်ဟု ကြေညာသဖြင့်
 ပထမအကြိမ်​ လမ်း​လျှောက်​ခြင်းကို ၈ ရက်နှင့် ရပ်​ခဲ့​ကြောင်း ဦးရက္ခဝံသက ပြောသည်။
Irrawaddy ဧရာဝတီ သတင်း