အောင်မင်္ဂလာအဝေးပြေးဝင်းရှိကားဂိတ်တွင် အငှားယာဉ်များပိတ်ဆို့ ရပ်တန့်ထားသဖြင့် ဖယ်ခိုင်းရာမှခိုက်ရန်ဖြစ်ပွား

ပို့စ်တင်ချိန် - 1/31/2014 02:35:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၃၁

၃၀.၁.၂၀၁၄ရက်နေ့ ၀၂၃၀အချိန် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းရှိ ရွှေစင်စင်္ကြာကားဂိတ်မှ ဂိတ်မှူး ဦးထင်လင်းသည်
ရွှေစင်စင်္ကြာကားဂိတ်၌ရှိနေစဉ် ၎င်းတို့ယာဉ်လိုင်းမှခရီးသည်တင်ယာဉ်မှာ ဂိတ်သို့ဆိုက်ရောက်လာချိန် ယာဉ်ရပ်နားမည့်နေရာ၌ တက္ကစီယာဉ်များ ပိတ်ဆို့ရပ်တန့်ထားသည့်အတွက် အဆိုပါခရီးသည်တင်ယာဉ်၏ ယာဉ်နောက်လိုက်များဖြစ်သော ကိုအောင်သူနှင့်ကိုအောင်ကိုလတ်တို့မှ ပိတ်ဆို့ရပ်တန့်ထားသည့်တက္ကစီယာဉ်များအား ဖယ်ခိုင်းခဲ့ရာ တက္ကစီ ယာဉ်မောင်းများဖြစ်သည့် စိုးမိုးအောင်ပါ(၆)ဦးခန့်က ညစ်ညမ်းစွာ
ဆဲဆိုကာ ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသည့်အပြင် ရွှေစင်စင်္ကြာကားဂိတ်
အတွင်းသို့ အုတ်ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ထိုင်ခုံများအားရိုက်ချိုးခြင်း၊
ပြတင်းပေါက်မှန်များအားရိုက်ခွဲခြင်း၊ ဆောင်းဘောက်စ်(၁)လုံးအား
ရိုက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ယင်းသို့ ဖြစ်ပွါးခဲ့သည့်အတွက် ကိုအောင်သူတွင်ဦးခေါင်းဖူးရောင်ဒဏ်ရာ၊ ကိုအောင်ကိုလတ်တွင် ယာမျက်လုံးဖူးရောင်ညိုမဲ၊ ၀ဲခြေဖမိုးရိုးကျိုးဒဏ်ရာ များရရှိခဲ့ပြီး ဂိတ်အတွင်းမှပစ္စည်းများတန်ဖိုး စုစုပေါင်း(၁)သိန်းကျော်ခန့် ပျက်ဆီးဆုံးရှုံးခဲ့သောကြောင့် အရေးယူပေးပါရန် ဦးထင်လင်းမှ တိုင်တန်း ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူစိုးမိုးအောင်ပါ(၆)ဦးခန့်အား မင်္ဂလာဒုံမြို့မ
ရဲစခန်း (ပ) ၄၉/၂၀၁၄၊ ပုဒ်မ ၂၉၄/၃၂၅/၄၂၇/၁၁၄ ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police