လူမျိုးစုနဲ့ မျိုးနွယ်စု ခွဲခြားမှု သဘောမတူကြောင်း ကယန်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်

ပို့စ်တင်ချိန် - 1/13/2014 08:30:00 AM


လာမယ့် မတ်လမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ ကယန်း တိုင်းရင်းသား မျိုးနွယ်စုတွေကို ကယန်းဆိုတဲ့ နာမည်ကို ပြင်ဆင် ကောက်ယူဖို့ ကယန်း တိုင်းရင်းသား လူမျိုးများက ဇန်န၀ါရီ ၁၁ ရက်နေ့မှာ သဘောထား ထုတ်ပြန် လိုက်ပါတယ်

အစိုးရက ထုတ်ပြန်တဲ့ လူမျိုး ၁၃၅ မျိုး စာရင်းမှာ ကယန်း တိုင်းရင်းသားတွေကို အဓိက တိုင်းရင်းသား အုပ်စု အဖြစ်ကနေ ဖျောက်ပြီး ကယား မျိုးနွယ်စု တခုအဖြစ် ချိုးနှိမ် ဖော်ပြ ထားတယ်လို့ ရေးသားထားပါတယ်။ ကယန်း မျိုးနွယ်စု ၄ ခုကို ကယားမျိုး နွယ်စု တခုစီ အဖြစ် ခွဲခြမ်း ဖော်ပြ ထားတယ်လို့ ထုတ်ပြန်ချက် ဆိုပါတယ်။
အလာတူ တခြား တိုင်းရင်းသား တွေကလည်း လူမျိုးစုနဲ့ မျိုးနွယ်စု အဆင့် ခွဲခြား သတ်မှတ်မှု အပေါ် သဘောမတူ ကြကြောင်း ပြောဆိုနေ ကြပါတယ်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို မတ်လ ၃၀ ကနေ ဧပြီ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

DVB Burmese