အသုဘပို့ဆောင်စဉ် လမ်းပိတ်တားမြစ်သူများအား အရေးယူပေးရန်တိုင်တန်း

ပို့စ်တင်ချိန် - 1/25/2014 07:00:00 AM


ရန်ကုန်၊ ဇန်န၀ါရီ ၂၄ ၁၅.၁.၂၀၁၄ ရက်နေ့ ၁၂၀၀ ချိန်ခန့်တွင် ထန်းတပင်မြို့နယ်၊ ကျိုက်ခနာကျေးရွာနေ အစုကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ကြွယ်နှင့် ကျိုက်ခနာကျေးရွာမှ ရွာသူ/ရွာသားအင်အား(၁၀၀)ဦးခန့် သည် တစ်ရွာတည်းနေ ကွယ်လွန်သူဒေါ်ခင်သန်း၏နာရေးအသုဘအား ကျိုက်ခနာကျေးရွာ သုသာန်သို့ပို့ဆောင်ကာမီးသင်္ဂြိုဟ်ရန်သွားရောက်စဉ် ရွာအနောက်ဘက် ကျိုက်ခနာကျေးရွာသုသာန်အနီး အရှည်(၉)ပေခန့်ရှိ ကွန်ကရစ်တံတားသို့အရောက်တွင် ထန်းတပင်မြို့နယ်၊ ရှမ်းစုကျေးရွာနေ ဦးအောင်ဇေယျမင်း၊ဦးချစ်ဟန်၊ဦးကျော်ညွန့်၊ဦးစိန်သောင်း၊ဦးထွန်းသိန်း တို့ပါ အင်အား(၄၅)ဦးခန့်တို့က ယင်းတံတားပေါ်တွင် ထော်လာဂျီ များနှင့်အတူ လမ်းပိတ်ထားခဲ့ကြသဖြင့် ဒေါ်ခင်သန်း၏နာရေးအသုဘအား တံတားဘေး အကျယ်(၁၅)ပေခန့်၊အနက်(၂)ပေခန့်ရှိ ရေနုတ်မြောင်း အတွင်းမှ ဖြတ်သန်းသယ်ဆောင်ကာ သုသာန်သို့ပို့ဆောင်သင်္ဂြိုဟ် ခဲ့ရသောကြောင့် အရေးယူပေးပါရန် ဦးမြင့်ကြွယ်မှတိုင်တန်းခဲ့သဖြင့် တက်သစ်နယ်မြေရဲစခန်း (ပ)၁၂/၂၀၁၄၊ ပုဒ်မ ၃၄၁ ဖြင့် ၂၃.၁.၂၀၁၄ရက်နေ့တွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police