လူမှု အကျိုးပြု မလုပ်သည့် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံခွင့် မပြု

ပို့စ်တင်ချိန် - 1/01/2014 02:00:00 AM

လူမှုအကျိုးပြုလုပ်ငန်းများ Corporate Social Responsibilities (CRS)လုပ်ဆောင် မပေးသည့် ကုမ္ပဏီများကို ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံခွင့် လုံးဝ မပြုကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင် သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုသည်။ ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်ပြီး CSR အတွက် လူ့အခွင့်အရေး မည်မျှပေးနိုင်မည်၊ အလုပ်သမား အခွင့်အရေး မည်မျှ ပေးနိုင်မည်၊ သဘာဝပတ်ဝန်းကျင် မည်မျှ ပေးနိုင်မည်နှင့် Anticorrosion (ပျက်စီးယိုယွင်းသွားမှု ကာကွယ်ရေး) ရှိမရှိ စစ်ဆေးပြီးမှ လက်ခံကြောင်း သိရသည် ။

ဧရာဝတီ သတင်း