ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ဘီးပေါက်ပြီး ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 1/14/2014 12:13:00 PM


၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ နံနက် ၄ နာရီ ၅၀ မိနစ်အချိန်တွင် ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၆၃/၂-၃)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှနေပြည်တော်သို့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိ ရပ်ကွက်နေ သန်းထွန်းဦး(၄၂)နှစ်မောင်းနှင်လာသော ၉င/xxxx ဟိုက်အေ့ခဲရောင်ယာဉ်သည် ၀ဲဘက် ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအားဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်၌ ပက်လက်လန်တိမ်းမှောက်နေကြောင်းတွေ့ရှိရသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ယာဉ်မှာရှေ့လေကာမှန်ကွဲ၊ ကိုယ်ထည်ခါးကျိုး၊ ကိုယ်ထည်ရှေ့/နောက်ပျက်စီး၊ ရှေ့/နောက်တံခါးများပျက်စီး၊ တန်ဘိုးငွေကျပ်သိန်း(၆၀)ခန့်ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ သန်းထွန်းဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းရဲစခန်းယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်