ကျောက်ကပ်တစ်လုံးပေးအပ်ပြီး ခင်ပွန်းကို ကယ်တင်ခဲ့တာတောင် ခင်ပွန်းရဲ့ စွန့် ခွာခြင်းကို ခံခဲ့ရသူ

ပို့စ်တင်ချိန် - 1/27/2014 04:46:00 PM





Andy Lamb ဟာ ကျောက်ကပ်အလုပ်မလုပ်တော့ တဲ့ ရောဂါကြောင့် သေလုမျောပါးဖြစ်နေခဲ့ပြီး ၊ ကျောက်ကပ်ကို ဆေးကြောပေးတဲ့ ကုထုံးတွေနဲ့ သာ အသက်ဆက်ရှင်နေခဲ့ရတာပါ။ ဒါပေမယ့် အန်ဒီရဲ့ မိန်းမ စမန်သာ ဟာ သူမရဲ့ ကျောက်ကပ်တစ်လုံးကို လက်ခံဖို့ အန်ဒီကို နားချတာ အောင်မြင်ခဲ့ပြီးတဲ့နောက် အန်ဒီဟာ လူကောင်းပကတိ ပြန်ဖြစ်လာခဲ့ပါတယ်။

အသက် ၄၁ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ စမန်သာဟာ ဒီ အစားထိုးခွဲစိတ်မှုကို ခံယူဖို့  ကျန်းမာကြံ့ခိုင်ကြောင်း ပြဖို့  အတွက် ကိုယ်အလေးချိန် သုံးစတုံ အထိ ချခဲ့ရတာပါ။ ဒီစုံတွဲ ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကို BBC ရုပ်သံလိုင်းကတောင် မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့် လည်း သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ မတည်မြဲခဲ့ပါဘူး။

အန်ဒီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပြီး နှစ်အနည်းငယ်အကြာ ၂၀၁၂ ခုနှစ် သြဂတ်စ် လမှာ အန်ဒီဟာ စမန်သာ ကို စွန့် ခွာသွားခဲ့ပြီး သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဆုံးခန်းတိုင်စေခဲ့ပါတယ်။

ဒေဗွန်ကောင်တီ ၊ အိုင်ဗွီဘရစ်ခ်ျ မြို့ ငယ်လေးမှာ နေထိုင်တဲ့ သူတို့ စုံတွဲဟာ လူနာတင်ယာဉ်မောင်း အဖြစ် အလုပ်လုပ်ကိုင်နေကြတုန်း မှာ တွေ့ ဆုံခဲ့ကြတာဖြစ်ပြီး ပထမဆုံး ချိန်းတွေ့ မှုကို ၂၀၀၄ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး အောက်တိုဘာ ၂၀၀၉ မှာ စမန်သာရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ အသက်ရှင်ဖို့ အစားထိုးပေးအပ်ခဲ့တာပါ။

အခုတော့ စမန်သာဟာ အန်ဒီကို စိတ်နာနေပြီး သူမရဲ့ ကျောက်ကပ်တစ်လုံးကို အန်ဒီ့ ဆီက ဖြစ်နိုင်ရင် ပြန်ယူချင် မိတယ်လို့ ပြောကြားခဲ့ပါတယ်။ အန်ဒီကတော့ စမန်သာပေါ်မှာ အသက်တစ်ချောင်း အကြွေးတင်နေတယ်လို့ ဆိုခဲ့ပါတယ်။

27-1-2014 (Trend Myanmar)