နေပြည်တော်တွင် ငွေသိန်းပေါင်းသောင်းကျော် လိမ်လည်သည့် တရားခံ အချူပ်ထောင်ထဲတွင် မင်းသမီးသဖွယ် အခြံအရံများစွာနဲ့ နေထိုင်နေရ (ပေးစာ/တိုင်စာ)

ပို့စ်တင်ချိန် - 1/27/2014 10:54:00 AM


၂၇.၆.၂၀၁၃

ရက်နေ့ ငွေပေါင်း သိန်းပေါင်းသောင်းချီလိမ်လည်ထားမှုနှင့် နေပြည်တော်ပျဉ်းမနား အချူပ်ထောင်တွင် ဖမ်းဆီးချူပ်နှောင်ထားသော တောင်ကြီးမြို့မှ ဒေါ်နန်းမိုင်ခမ်းသည် အမှုဖွင့်သည်မှ စတင်၍ ယခုအချိန်အထိ ပျဉ်းမနားအချူပ်ထောင်တွင် အချူပ်အနေင်ခံနေရသော်လည်း  အဆိုပါ နန်းမိုင်ခမ်းမှာ အချူပ်ခန်းအတွင်း နေအိမ်မှာနေသည်နှင့် သာလွန်အောင် အသုံးအဆောင် အခြံအရံများပြည့်ဝစွာ နေထိုင်ပြီး မင်းသမီးရှုံးလောက်အောင် အ၀တ်အစားအလှအပ ပြင်ဆင်နေထိုင်နေကြောင်း

          ပျဉ်းမနားရဲစခန်းရှိ အချူပ်ထောင်ရဲတပ်ဖွဲ့အားလုံးကို အများသူငှာထံမှ လိမ်လည်ရယူထားသော ငွေကြေးများကို အသုံးပြုလျှက် ငွေပေးလျှင်လိုတာရနိုင်ကြောင်း ထောင်သို့တောင်မရောက်သေးမှီ အချူပ်ထောင်ထဲ တွင်လည်း ငွေကြေးပြည်စုံက နေချင်သလိုနေ ထိုင်ချင်သလိုထိုင်နိုင်ကြောင်းကို ပြသလျှက်ရှိသည်။

          ၁၄.၁.၂၀၁၃ရက်နေ့ နေ့လည် (၁၂း၀၀)ခန့်က ဇမ္ဗူသရိတရားရုံးသို့အချူပ်ထောင်မှ ရုံးချိန်လာတက်သော နန်းမိုင်ခမ်းသည် အများသူငှာအချူပ်သားများကဲ့သို့ အချူပ်ကားစီးနင်းမရှိပဲ အချူပ်အနှောင် အတုပ်အနှောင်တို့ မပါပဲ အရပ်ဝတ်ရဲမေနှစ်ဦး ခြံရံ၍သာ ပရိုဘောက် တက်စီကားဖြင့် ရုံးချိန်ကိုလာခဲ့သည်။ သူမနှင့်အတူ တရားရုံးသို့ အချူပ်ဖြင့် တရားရင်ဆိုင်ရသော တစ်ခြား ပြစ်မှုကျူးလွန်သူများကဲ့သို့ တရားရုံးအချူပ်ထောင်တွင်းသို့ ထည့်သွင်း ကာ စောင့်ဆိုင်းစေခြင်းမရှိဘဲ ကားပေါ်မှဆင်းကာ ရုံးချိန်းအတွင်းဝင်ပြီး စစ်ဆေးဆောင်ရွက် ရုံးချိန်ရက်ယူယူပြီးချင်း အဆိုပါ ကားပေါ်သို့ ပြန်တက်ကာ ပျဉ်းမနားရဲစခန်းရှိ အချူပ်ထောင်သို့ ပြန်သွားကြောင်း သိရသည်။

          ယင်းသည် နေပြည်တော်ရှိ လူလေးဦးထံမှ ငွေကြေး သိန်းပေါင်းသောင်းကျော်ကို လိမ်လည်ရယူမှုဖြင့် အာမခံ မရနိုင်ပဲ အချူပ်အထောင်တွင် ချူပ်နှောင်ထားသော်လည်း ပျဉ်းမနားရဲစခန်းမှ အချူပ်ထောင်မှူးများ၊ တာဝန်ကျရဲများကို ငွေကြေးမြောက်များစွာ ပေးကမ်းပြီး အချူပ်ကျအမျိုးသမီးများစွာ အခြံအရံနှင့်လည်းကောင်း၊ ဟန်းဖုန်းတကားကားနှင့် အချူပ်ထောင်ထဲမှ ယင်း၏ ဆွေမျိုးအပေါင်းအသင်းများကို ဆက်သွယ်ခြင်း၊ အချုပ်ထောင်အတွင်းမှာပင် မိမိအိမ်မှာ နေထိုင်သည့် အသုံးအဆောင်ထက်ပင်ပိုမိုသာလွန်နေသော အနေအထားဖြင့် နေထိုင်နေခြင်း စသည်တို့ကို ပြုမူ ဆောင်ရွက် နေသည်ကို တွေ့ရပါသည်။

          ငွေကြေးမြောက်များစွာ လိမ်လည်ပြီး အချူပ်ထောင်တွင်းမှ တရားရုံးအမှုရင်ဆိုင်နေရသော စစ်ဆေးဆဲ တရားခံတစ်ယောက်အနေဖြင့် ၀န်ထမ်းစည်းကမ်းများကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်၍ ဥပဒေကို လက်တစ်လုံးခြား ပြုနေသောသူများ ရှိနေသေး၍ ရဲစခန်းနှင့် အချူပ်ထောင်ကို ပြန်လည် စီစစ်သင့်ကြောင်းနှင့် ပြည်သူ့ကို ဗဟိုပြုသည် ဟုသော ရဲတပ်ဖွဲ့ဝင်များသည် ယခုလို အကျင့်ပျက် ခြစား ၀န်ထမ်းတစ်ချို့ကြောင့် အခြားသော ဂုဏ်သိက္ခာရှိ အခြားသော ရဲတပ်ဖွဲ့ဝင်များ၏ ပုံရိပ်ကိုပါ ထိခိုက်နေသဖြင့် တင်ပြရခြင်းဖြစ်ပါသည်။

Kyaw Zaya
Myanmar CNN မှ တင်ဆက်သည်။