၉၆၉ ရဟန်းတော်များ ရခိုင်ခရီးစဉ်အတွင်း ကျပ်သိန်း ၂၀၀ ကျော် ကူညီလှူဒါန်းခဲ့

ပို့စ်တင်ချိန် - 1/05/2014 01:30:00 PM


ရခိုင်ပြည်နယ်မှ မင်းပြား၊ ပေါက်တော၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲအပါအ၀င် မြို့ (၁၂) မြို့တွင် လာရောက်တရာဟောကြားခဲ့သော မွန်ပြည်နယ် မော်လမြိုင်မြို့ ၉၆၉ ရဟန်းတော် အဖွဲ့သည် ဒီဇင်ဘာလ အလယ်လောက်မှ ဇန်န၀ါရီလ ၄ ရက်နေ့ထိ ပြုလုပ်ခဲ့သော သူတို့၏ ရခိုင်ခရီးစဉ်အတွင်း ကျပ်ငွေ သိန်းပေါင်း ၂၄၄ သိန်း ၂ သောင်း ကူညီလှူဒါန်းခဲ့ကြောင်း မုတ္တမမြို့၊ မြစေတီနန်းဦးစာသင်တိုက်၊ မြနန်းဆရာတော်က နိရဉ္စရာသို့ မိန့်ကြားသည်။

၎င်းကူညီ ထောက်ပံ့ငွေများကို အဓိက သုံးစွဲခဲ့သော နေရာမှာ မင်းပြားမြို့တွင် မာရမာကြီး လူမျိုး (၁၀၈) ဦး ရှင်ပြပွဲနှင့် တရားစခန်း (၃) ရက်အတွင်း ကူညီလှူဒါန်းခဲ့ပြီး ယင်းပြင် ဘင်္ဂလာဒေခ်ျ့မှ ရောက်ရှိလာကြသော ရခိုင်မျိုးနွယ်စုဝင် ဗုဒ္ဓဘာသာ လူမျိုးများအတွက် ကျပ်ငွေ (၁၀၃) သိန်းလှူဒါန်းခဲ့သည်ဟု ဆရာတော်က ပြောကြားသည်။
Burmesenews narinjara