၉၆၉ ဆရာတော်များ၏ သံတွဲ တရားပွဲ အထူးစည်ကား

ပို့စ်တင်ချိန် - 1/04/2014 01:26:00 PM


ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယမန်နေ့က စတင်ခဲ့သော ၉၆၉ ဆရာတော်များ၏ တရားပွဲမှာ အထူးစည်ကားခဲ့ပြီး ဒေသခံ အများအပြား လာရောက် တရားနာယူခဲ့ကြသည်ဟု ဆိုသည်။

ယမန်နေ့က တရားပွဲကို သံတွဲမြို့ ဂျိတ်တော ပုလဲရတနာ စာသင်တိုက်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

၉၆၉ ဆရာတော်များ၏ တရားပွဲကို ဇန်န၀ါရီလ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် သံတွဲမြို့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

၉၆၉ ဆရာတော်များ၏ တရားပွဲကို ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်အပါအ၀င် မြို့တိုင်းလိုလိုတွင် လွန်ခဲ့သော ဒီဇင်ဘာလက စပြီး ပြုလုပ်ခဲ့ပြီး ယခုအခါ သံတွဲမြို့တွင် ဆက်လက် ပြုလုပ်နေခြင်း ဖြစ်သည်။
Burmesenews narinjara