လူရွှင်တော်အသင်းနဲ့ နာရေး ကူညီမှုအသင်း (ရန်ကုန်) ၁၃ နှစ်ပြည့်

ပို့စ်တင်ချိန် - 1/01/2014 04:58:00 PM

 ဓာတ်ပုံ- ဦးကျော်သူ

နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ ၁၃ နှစ်ပြည့်မှာ လူရွှင်တော် အသင်းလည်း ပါဝင်ကူညီနေပြီဆိုတဲ့ အကြောင်း အသင်းရဲ့ ဦးဆောင်သူ တဦး ဖြစ်တဲ့ ဦးကျော်သူက သူ့ဖေ့စ်ဘုတ် စာမျက်နှာက တဆင့် ဓာတ်ပုံနဲ့ တကွ ဖော်ပြလာပါတယ်။

"ဒီနေ့  နာရေးကူညီမှု့အသင်း၏ ၁၃ နှစ်ပြည့်မှာ ကျွန်တော်တို့  လူရွှင်တော်အသင်းပါဝင် ကူညီနေကြ ပါတယ်ခင် ဗျာ" လို့ ဦးကျော်သူက ဆိုပါတယ်။

ဦးကျော်သူ တို့ ဦးဆောင်ကူညီပေးနေတဲ့ နာရေး ကူညီမှု အသင်းဟာ အခုနောက်ပိုင်း နာမည်ကျော်
မော်ဒယ်၊ ရုပ်ရှင်သရုပ်ဆောင်တွေဟာ ပူးပေါင်း ကူညီဆောင်ရွက်လာတာတွေ တွေ့ရပါတယ်။

အလှမယ်တွေ ဖြစ်တဲ့ နန်း ခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ဂုဏ်ရည်အေးကျော်တို့လည်း ပူးပေါင်း ကူညီမှုတွေ ရှိသလို မကြာသေးခင်တုန်းကလည်း သင်ဇာဝင့်ကျော် လည်း ပူးပေါင်းပါဝင်လာတွေ တွေ့ရပါတယ်။

တချိန်ကတော့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို နာရေး ကူညီမှုအသင်းမှာ ကူညီမှုတွေ လုပ်ဆောင်ပေး လို့ သုဘရာဇာ မင်းသား နဲ့ ရုပ်ရှင် တွဲမရိုက်ချင်သူတွေတောင် ရှိခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ ရုပ်ရှင် အသိုင်းအဝိုင်းမှာ ပြောခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။


အိမ့်သံစဉ် ~
ဧရာဝတီ သတင်း