စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 1/22/2014 06:44:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄)မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ရပ်ကွက်(၅)နေ ဒုံယင်တာ (၆၃)နှစ်၏နေအိမ်သို့ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ၎င်း၏အင်္ကျီအိတ်အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား(၁၅၁)ပြား၊ တန်ဘိုးငွေကျပ်(၃၀၂၀၀၀ိ/-)နှင့် မူးယစ်ဆေးဝါးရောင်းရငွေကျပ် (၃၀၀၀၀ိ/-)၊ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြားသုံးစွဲရာတွင်အသုံးပြုသည့် ကြေးပိုက်တပ်လျက် ပုလင်းတစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ဒုံယင်တာအား လားရှိုးမြို့မရဲစခန်း မယ(ပ)၁၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/ ၁၉(က)/၂၁/၂၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်