အမေရိကန် လေတပ် အရာရှိတွေ စာခိုးချလို့ အလုပ်ထုတ်ခံရ

ပို့စ်တင်ချိန် - 1/17/2014 01:00:00 AM


စာမေးပွဲ ဖြေဆိုခန်း တခုက မြင်ကွင်း
အမေရိကန် ပြည်ထောင်စုမှာ လေတပ်က နျူကလီးယား ဒုံးကျည် ဆိုင်ရာ အရာရှိ ၃၄ ယောက်ကို လုပ်ငန်း ကျွမ်းကျင်မှု စာမေးပွဲမှာ လိမ်ညာ ဖြေဆိုတယ်ဆိုပြီး ရာထူးက ရပ်ဆိုင်းလိုက်ပါတယ်။

အရာရှိ တချို့ဟာ တယောက်နဲ့တယောက် Text Message ပို့ပြီး အဖြေတွေ ဖြန့်ယူကူးချကြတယ်လို့ ယူဆရကြောင်း လေတပ်က ပြောပါတယ်။

လေတပ် ဆိုင်ရာ ဝန်ကြီး Deborah Lee James ကတော့ ကျွမ်းကျင်မှု ဆိုင်ရာ စာမေးပွဲမှာ အရာရှိ တချို့က ခိုးချကြတယ် ၊ ဒီအပြုအမူဟာ လုံးဝ လက်မခံနိုင်စရာဘဲ ၊ ဒါကြောင့် ဒုံးကျည် ဆိုင်ရာ အရာရှိ နှစ်ရာကို အသေအချာ ကြီးကြပ်မှုအောက်မှာ စာမေးပွဲ ပြန်ဖြေခိုင်းမယ်လို့ ပြောပါတယ်။

နောက်အရာရှိ သုံးယောက်ကိုတော့ မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိမှုနဲ့ ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

BBC Burmese