မိုးသီးဇွန် ရွေးကောက်ပွဲဝင်ပြိုင်ရန် စီစဉ်နေဟုဆို

ပို့စ်တင်ချိန် - 1/21/2014 12:00:00 AM

ရန်ကုန်၊ ဇန်နဝါရီ ၂၀။

၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ မိုးသီးဇွန်က လာမည့် ရွှေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဝင်ပြိုင်သွားရန် စီစဉ်လျက်ရှိကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့က မိုးသီးဇွန်၏ ပြောချက်အရသည်။

၎င်းနေဖြင့် ယခင်က ထူထောင်ခဲ့သော လူဘောင်သစ်ဒီမိုကရက်တစ် ပါတီရှိသော်လည်း ယင်းပါတီဖြင့် ရွှေးကောက်ပွဲဝင်သွားမည်မဟုတ်ကြောင်း မည်သည့်ပါတီမျှ အမည်ခံမည် မဟုတ်ကြောင်း မိုးသီးဇွန်က ပြောသည်။

“ဝင်ပြိုင်ဖို့ အတွက် လုပ်ထားတာတော့ အခုတော့ မသေခြာသေဘူး ကျွန်တော်မှတ်ပုံတင်ကို တစ်ချက် စောင့်ကြည့်ရဦးမယ် ”ဟု မိုးသီးဇွန်က ပြောသည်။

မိုးသီးဇွန် သည် ယခုလက်ရှိတွင် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပြီး၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၄ ပုဒ်မ ၁၂၁ တွင်လည်း အခြားနိုင်ငံ ကျေးဇူးသစ္စာကို ခံယူထားသူသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရွှေးချယ်ခံပိုင်ခွင့် မရှိကြောင်း သိရသည်။

“ကျွန်တော်မှတ်ပုံတင် ပြန်ရတော့မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွှေးချယ်ခွင့်ရှိမှာကို အဲ့ဒီအတွက် ဦးခင်ရီ ဆီကိုလည်း တင်ပြထားတယ် ဒါပေမယ့် အခုအချိန်တော့ မရသေးဘူး တကယ်လို့  ဒီတစ်လ နှစ်လ အတွင်း ရမယ်ဆိုရင်  လူထုစည်းရုံးရေးတွေကို လုပ်မှာပါ” ဟု မိုးသီးဇွန်က ထပ်လောင်း ပြောဆိုသည်။

၎င်းးမှတ်ပုံပြန်ပေးခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက “အခြားနိုင်ငံသားသူက ခံယူထားတယ်ဆိုရင်တော့ ကျွန်တော်တို့ က သူမှတ်ပုံတင်ကို ထုတ်ပေးလို့ မရပါဘူး သူအနေနဲ့  မြန်မာနိုင်ငံသား ပြန်ခံယူမှသာ ရမယ် တကယ်လို့ အဲ့လိုပြန်ခံယူခဲ့တယ်ဆို ရင်တောင်မှ သမ္မတ ဆီကို တိုက်ရိုက်လျောက်မှရပါမယ်။ သမ္မတကြီး အမိန်နဲ့ ထုတ်ပေးလိုက်ပါလို့ ပြောရင်တော့ သူမှတ်ပုံတင်က ပြန်ရနိုင်ပါတယ်” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

မိုးသီးဇွန်သည်  ကျောင်းသား တပ်မတော် ABSDF ၏ ဥက္ကဋ္ဌဟောင်း တစ်ဦးဖြစ်ခဲ့ပြီး ယင်းအချိန်က ပါဂျောင် မြောက်ပိုင်း ကျောင်းသားများ အသက်ခံရမူတွင် ၎င်းပါဝင်သည်ဟု အစွမ်စွဲခံထားရသူတစ်ဦးလည်း ဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ ယခုလက်ရှိ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ကိုအောင်ဇေယျက “သူအနေနဲ့လည်း ဝင်ပြိုင်ခွင့်ရှိပါတယ် ဒါပေမယ့် အခုလက်ရှိမှာသူက အမေရိကန်နိုင်ငံသားအဖြစ်နဲ့ပဲ ရှိနေသေးတယ် အဲ့တာကြောင့် သူအနေနဲ့  မြန်မာနိုင်ငံသားဖြစ်အောင် အရင်ဦးဆုံး ပြန်လုပ်သင့်ပါတယ်” ဟု ကိုအောင်ဇေယျက  ဆိုသည်။

မိုးသီးဇွန်အား ယင်းကိစ္စဖြင့် ပြန်လည် မေးမြန်ရာတွင်းလည်း ၂၀၁၅ ရွှေးကောက်ပွဲ ဝင်ပြိုင်ရန်အတွက် အမေရိကန်နိုင်ငံသား အဖြစ်မှ စွန့်လွှတ်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

နှင်းနွယ်
The Myanma Age