အဆိုတော် ပိုပိုပြောသည့် လူငယ်တစ်ယောက်ရဲ့ ဒိုင်ယာရီ

ပို့စ်တင်ချိန် - 1/23/2014 11:00:00 PM


ချစ်ခဲ့ဖူးသမျှ' စီးရီးခွေကို ကိုယ်ပိုင်ခွန်အားတွေနဲ့ ကြိုးစားပြီး ပရိသတ်ရှေ့ရောက်အောင် ပို့ပေး ခဲ့သည့် အဆိုတော် ပိုပိုရဲ့ ရည်မှန်း ချက်ဦးစားပေး ဘဝလျှောက်လှမ်း မှုတွေကို မျှဝေပေးလိုက်ပါသည်။

လူငယ်တစ်ယောက်အနေနဲ့ ရည်မှန်း ချက်အတွက် ကြိုးစားရာမှာ စိတ် ဓာတ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းခဲ့သလဲ

ပိုပို အဆိုနဲ့ပတ်သက်တဲ့ ပြိုင် ပွဲတွေ ဝင်ပြိုင်တယ်၊ ပြိုင်ပွဲတွေမှာ ရှုံးတယ်။ ဒါပေမယ့် ဇွဲမလျှော့ခဲ့ ဘူး။ နယ်ရှိုးလေးတွေ သွားဆို တယ်။ ပိုက်ဆံစုတယ်။ ငါးနှစ် ကျော်ကျော်မှာ 'ချစ်ဖူးသမျှ' စီးရီး ခွေထွက်ပါတယ်။ ပြီးမှ VCD ထွက်ပါတယ်။ ပိုပိုက ငါဖြစ်ရ မယ်ဆိုတဲ့ စိတ်ဓာတ်ထားတယ်။ တစ်ခါတလေကျရင်တော့ လူဆို တော့ စိတ်ညစ်စရာရှိရင် အမြဲငို တယ်။ သူများမသိအောင် အော်ငို လိုက်တယ်။ အဲဒီနည်းလမ်းတစ်ခု ပဲသုံးတယ်။ ငိုပြီးသွားရင်တော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို အေးအေးဆေးဆေး လုပ်ပါတယ်။

ဂီတဘက်မှာ ပိုပိုဝင်လာတဲ့ လမ်း ကြောင်းက ပုံစံတစ်မျိုးနဲ့နော်။ ဂီတဈေးကွက်မကောင်းတဲ့ အချိန် မှာ ပိုပိုအားမာန်အပြည့်နဲ့ ဝင်လာ နိုင်တာ ဘယ်လိုပံ့ပိုးမှုတွေရှိခဲ့လို့ လဲ။

ပိုပိုက အဘွားနဲ့ ငယ်ငယ် ကတည်းကနေတာပါ။ မိဘနှစ်ပါး ကလဲ မပံ့ပိုးဘူး။ ဆွေမျိုးတွေ ကလဲ မပံ့ပိုးဘူး။ ဘယ်သူကမှ ဘာလုပ်ပါလို့ မပြောဘူး။ ကိုယ် လုပ်ချင်တဲ့ ပုံစံနဲ့ကိုယ်လုပ်တယ်။ သီချင်းတစ်ပုဒ်ကို ပိုပိုကြိုးစားပြီး ရေးတယ်။ ကိုယ့်စတိုင်လ်ပေါ် အောင်ရေးတယ်။ဘယ်သူမှ ပံ့ပိုးမှု မရှိဘဲ ကိုယ့်ဘာသာကိုယ့် ကြိုးစား တယ်။ ပံ့ပိုးမယ့်သူရှိလာရင် အခု ဆိုအောင်မြင်လာတာကြာပြီ။ အခု လိုဒုက္ခခံပြီး ကြိုးစားစရာမလိုဘူး။
လူငယ်တစ်ယောက်အနေနဲ့ အချစ် ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံနဲ့ ကျော်ဖြတ်ခဲ့သလဲ
အချစ်ရေးကတော့ ပိုပို ကံ မကောင်းပါဘူး။ အရင်တုန်းက ပိုပို ကောင်လေးရဲ့မိဘတွေက သဘောမတူဘူး။ ဘာကြောင့် သဘောမတူတာလဲ။ ပိုပို မေးချင် တယ်။ သေချာတယ်။ ပိုက်ဆံမရှိ လို့ဘဲဖြစ်မယ်။ သူတို့လိုချင်တာ မရှိလို့ ပိုပိုနဲ့သဘောမတူတာလို့ပဲ မှတ်လိုက်တယ်။ အဲဒီအချိန်မှာ အချစ်နဲ့ လမ်းခွဲခဲ့ရတယ်။ ကြားထဲ မှာ ကံမကောင်းတာလဲရှိပါတယ်။ ကိုယ်လိုချင်တဲ့ပုံစံကတစ်မျိုး ဒါ ကြောင့်မဟုတ် အကြောင်းအရာ အမျိုးမျိုးပေါ့။ ကောင်းပါတယ်။ အဖြစ်အပျက်လေးတွေကြောင့် သီချင်းတွေက အများကြီးထွက် တာပေါ့။
အချစ်ရေးမှာ ကံမကောင်းပေမယ့် ရည်မှန်းချက်မပျက် ကြိုးစားနိုင် ခဲ့တဲ့ ပိုပိုအနေနဲ့ အချစ်ရေးကြောင့် စိတ်ညစ်နေသူ လူငယ်တွေအတွက် အကြံပေးပါဦး
ပိုပို ငယ်ငယ်ကတည်းက ဝမ်းနည်းတတ်တဲ့ စိတ်မရှိဘူး။ ကိုယ့်ရဲ့မိသားစုနဲ့ ကိုယ်ရေးကိုယ် တာနဲ့ ပတ်သက်ပြီး အမြဲတမ်းငိုခဲ့ရ တယ်။ ဒါကြောင့် ခံစားချက်လဲ မထားချင်ဘူး။
ကိုယ်ခံစားခဲ့ရတာတွေက ကိုယ့်ဘဝတိုးတက်ဖို့အတွက် သင် ခန်းစာလို့ သတ်မှတ်လို့ရပါတယ်။ဘာပဲပြောပြော အကောင်းဆုံးသင် ခန်းစာအနေနဲ့ ရည်စားနဲ့ပဲ ဖြစ်ဖြစ်၊ အလုပ်နဲ့ပဲဖြစ်ဖြစ် ကျရှုံးသွားရင် နောက်တစ်ခါ ပြန်ထူနိုင်မယ်၊ လဲ ကျသွားရင် ပြန်ထူမယ် ဆိုတဲ့ခံယူ ချက်နဲ့ လူငယ်တွေကို ရှေ့ဆက်စေ ချင်ပါတယ်။
သူငယ်ချင်း မိတ်ဆွေအပေါင်း အသင်းတွေကို ဘယ်လိုရွေးချယ် ပေါင်းသင်းသလဲ
ပိုပို့သူငယ်ချင်းတွေက ပိုပို ကိုချစ်ကြတယ်။ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အဓိကကယုံကြည်မှုတစ်ခုတည်းနဲ့ အလုပ်လုပ်တယ်။ သူငယ်ချင်းက တစ်ယောက်နဲ့ တစ်ယောက်နား လည်ရမယ်။ သူ့စိတ် ကိုယ့်စိတ် နားလည်ပေးရမယ်။ ပိုပို့စိတ်ကို သူငယ်ချင်းတော်တော်များများက နားလည်ပေးတယ်။ နားမလည်နိုင် တဲ့ လူတွေသာ သူငယ်ချင်းမဟုတ် ဘူး။ ပိုပိုက တစ်ခါတလေစိတ် တိုတတ်တယ်။ သူငယ်ချင်းတွေက အဲဒါမကောင်းပြောရင်ပြောမယ်၊ တစ်ခါတလေ ပိုပို ဘာလုပ်လုပ် ထောက်ခံပေးတယ်။ အဓိကက ကိုယ့်ကိုယ်ကိုယ် Control အမသူ လုပ်နိုင် ဖို့ အရေးကြီးတယ်။ သူငယ်ချင်း ကောင်းမကောင်းဆိုတာ တစ်မျိုး ပေါ့။ တချို့သူငယ်ချင်းတွေဆို ဒုက္ခပေးဖို့ပဲ စဉ်းစားတယ်။ ရှောင် လို့မရတော့ ခံလိုက်ရပါတယ်။အဲဒါလဲ သင်ခန်းစာတစ်မျိုးပေါ့။
ပိုပို့ရဲ့တစ်နေ့တာကို အဓိပ္ပာယ်ရှိရှိ နေ့တစ်နေ့ကို ဘယ်လိုဖြတ်သန်း လေ့ရှိသလဲ
ဘဝမှာ ဘုရားဟောသလို သီလ၊ ဒါန၊ ဘာဝနာ လုပ်ပေါ့။ များသောအားဖြင့် ငါးပါးသီလ လုံအောင်ကြိုးစားတယ်။ ငါးပါး သီလလုံမှ ကိုယ်စကားပြောတဲ့ အချိန်မှာ သူများတွေက ကိုယ့်ကို မှန်ကန်တဲ့စကားပြောတယ်။ ကိုယ် လုပ်တဲ့အလုပ် မှန်ကန်တဲ့အတွက် သူများတွေ လေးစား ချစ်မြတ်နိုး တယ်။ ငါးပါးသီလလုံတယ်၊ ဘုရား ရှိခိုးတယ်၊ အဓိဋ္ဌာန်ဝင်တယ်၊ မေတ္တသုတ်ရွတ်တယ်။ ပုတီးစိပ် တယ်။ ဒါပထမဆုံးအဓိပ္ပာယ်ရှိတဲ့ အလုပ်ပါ။ ဒုတိယအဓိပ္ပာယ်ရှိတဲ့ အလုပ်က တွေ့တဲ့နေရာမှာလှူတယ်။ အဘိုးအဘွားအရွယ်တွေ လှူတယ်။ လူတစ်ယောက်အကျိုးရှိအောင် စာသင်တာတို့၊ သင်တန်းတက်တာ တို့ ပိုပိုမလုပ်နိုင်သေးဘူး။ မအား သေးတဲ့အတွက်ပါ ဘုရားရှိခိုး တယ်၊ လှူတယ်၊ သီချင်းရေးတယ်၊ နားထောင်တယ်။ ဒါတွေက ပိုပိုရဲ့ အဓိပ္ပာယ်ရှိတဲ့အလုပ်ပါ။
ပိုပို့ရဲ့ ကြိုးစားမှုတွေ တိုးတက် လာချိန်မှာ ကိုယ့်ကိုအထင်သေးတဲ့ လူတွေနဲ့တွေ့ရင် ဘယ်လိုဆက်ဆံ ဖြစ်မှာလဲ
ပိုပိုအခုလို အခွေထွက်နိုင် လာတာပျော်ပါတယ်။ အမှန်အတိုင်း ပြောမယ်ဆို အဆိုတော်လုပ်လာ တာ တစ်နှစ်ကျော်ပြီ၊ အတွဲခွေ ထွက်တာနဲ့ဆို ကိုးခွေရှိပြီ။ အဲဒါ လဲလူသိပ်မသိဘူး။ သီချင်းတော့ သိကြတယ်။ အခု VCD ထွက်လို့ ပွဲသွားဆိုတဲ့အချိန်မှာ ပရိသတ်က တစ်ကွင်းလုံးဝိုင်းအားပေးတယ်။ အဲဒါ ပိုပို ငယ်ဘဝအိပ်မက်ကို ပထမဆုံးရတာပါ။ ဒါတောင် အခုအချိန်မှ ရတာနော်။ ဘာပဲပြော ပြော တစ်ဆင့်ထက်တစ်ဆင့်တိုး လာတော့ အရမ်းပျော်ပါတယ်။ နည်းနည်းအောင်မြင်လာတယ်လို့ ပြောရမှာပါ။ အောင်မြင်မှုအပေါ် မှာ မာနလဲမကြီးတတ်ပါဘူး။ အလုပ်ရှိရင် အလုပ်ပုံမှန်လုပ်တယ်။ ကြိုးစားရမယ်ဆို ကြိုးစားတယ်။ ပိုပို့ကိုအထင်သေးခဲ့တဲ့ လူတွေနဲ့ တွေ့ရင်လဲ ပြုံးနေမှာပါ။ ဘယ်လို မှသဘောမထားပါဘူး။ အထင် သေးခဲ့တဲ့လူတွေအပေါ်မှာ ဘာမှ မဖြစ်ပါဘူး။ အခုချိန်မှာတော့ ဘဝ မှာကြိုးစားဖို့ လှေကားထစ်တွေလို့ ပဲ သတ်မှတ်ပါတယ်။
ကိုယ်ပိုင်မိသားစုဘဝကို ဘယ်လို တည်ထောင်မလဲ
မိသားစုဘဝကို ပိုပို တကယ် ချစ်နိုင်တဲ့ လူတစ်ယောက်နဲ့ပဲ တည်ထောင်ပါ့မယ်။ ကိုယ်လဲ သူ့ကို နားလည်ပေးနိုင်၊ သူလဲ ကိုယ့်ကို နားလည်ခွင့်လွှတ်ပေးပြီး အဆင် ပြေအောင် တည်ဆောက်မယ်။ ပိုပို က မိသားစုမရှိဘူး။ တစ်ယောက် တည်းသမားဆိုပေမယ့် ရှုပ်ရှုပ် ယှက်ယှက်လဲမလုပ်ဘူး။ အတတ် နိုင်ဆုံး ငါးပါးသီလလုံအောင်နေ တယ်။ ကိုယ့်ဘဝကောင်းဖို့အတွက် ကြိုးစားနေတယ်။ အခုချိန်မှာ ဘာ အချစ်မှ မမျှော်လင့်ပါဘူး။ တကယ် တမ်း အချိန်တန်လို့ရမယ့် အချစ် ကတော့ နှစ်ယောက်စလုံးချစ်တဲ့ အချစ်ကို လိုချင်ပါတယ်။ နှစ်ယောက် စလုံးချစ်မှ အိမ်ထောင်ရေးတစ်ခု ကို ခိုင်ခိုင်မာမာဆောက်တည်နိုင် မှာပါ။ နှစ်ယောက်စလုံးချစ်ပြီး မိသားစုဘဝ ရှေ့ဆက်နိုင်မယ်ဆိုမှ ယူတာ ကောင်းပါတယ်။ သူချစ် ကိုယ်ချစ်ကိုပဲသဘောကျပါတယ်။

မေဆုဟန်

The Union Daily