ဗုဒ္ဓဘာသာဝင်အမျိုးသမီးများကို အစ္စလမ်ဘာသာသို့အဓမ္မစည်းရုံး သိမ်းသွင်းခြင်းမပြုရန် သဘောတူညီမှုရ

ပို့စ်တင်ချိန် - 1/24/2014 03:38:00 PM


24-1-2014

ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလမ်ဘာသာဝင်တို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရန်အတွက် ၉၆၉ ဆရာတော် ဦးဝီရသူ (မစိုးရိမ်) နှင့်ငြိမ်းချမ်းရေးနှင့်သံတမန်ကွန်ယက်မှ အစ္စလမ်ဘာသာဝင်အချို့တို့ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ဇန်န၀ါရီလ(၂၃)ရက်နေ့ကသဘော တူညီချက် အချို့ရယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဗုဒ္ဓဘာသာအမျိုးသမီးများကို အစ္စလမ်ဘာသာသို့အဓမ္မစည်းရုံးသိမ်းသွင်းခြင်း မပြုရန်၊ ဗုဒ္ဓ ဘာသာကွယ်ပျောက်မည့်ပြည်သိမ်းစီမံကိန်းလုပ်ဆောင်မှုများကို ရပ်တန့်ရန်အတွက် ဆရာတော်ဦးဝီရသူမှ မိန့်ကြားခဲ့ပြီး ငြိမ်းချမ်းရေးနှင့်သံတမန်ကွန်ယက်မှလည်းပဋိပက္ခဖြစ်သည့်အချိန်များတွင် ဗလီကျောင်းများကိုမီးရှိုဖျက်စီးခြင်းမပြုရန်နှင့် အဆိုပါ ကိစ္စရပ်များအားပူးပေါင်းဖော်ထုတ်အရေးယူနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်းနှစ်ဘက်သဘောတူခဲ့ခြင်းဖြစ်သည်။

“သူတို့က သူတို့ယုံကြည်ကိုးကွယ်လို့ ဘာသာကူးပြောင်းသွားတာ ဆိုဘုန်းကြီးတို့အနေနှဲ့ပြောစရာ မရှိဘူး။ ဒါပေမယ့် အတင်းအဓ္ဓမ သိမ်းသွင်းစီးရုံးတာကို ဘုန်းကြီးတို့အနေနဲ့ ရှုံ့ချတယ်။ပြည်သိမ်း စီမံကိန်းဆိုတာ တကယ်မရှိပါဘူးဆိုတာကို အစ္စလမ်သာသနာရေး အဖွဲအစည်းတွေကလည်း ဖြေရှင်းသင့်တယ်။” ဟု ဆရာတော် ဦးဝီရသူကမိန့်ကြားခဲ့သည်။

ဘာသာဝင် နှစ်ခုကြား အတူငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန် ရည်ရွယ်၍ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တိုင်းလုံးကျွတ်ညီလာခံ တစ်ရပ်ပြုလုပ်သွားရန်အစီစဉ်ရှိပြီး အစ္စလာမ်ဘာသာရေးအဖွဲ ၅ ခုကိုပါ
ဖိတ်ကြားသွားမည်ဟု ဆရာတော်မှ ဆက်လက်မိန့်ကြားခဲ့သည်။

ပဋိပက္ခများဖြစ်ပွားရာတွင် အခြေခံလူတန်းစားများ၏ အသက် အိုးအိမ်များနှင့်ဗလီများသာ ဆုံးရှုံးပျက်စီးရသည် ဖြစ်၍ အဆိုပါ အဖြစ်အပျက်မျိုးမဖြစ်စေရန်ဆရာတော်ဦးဝီရသူ ဦးဆောင်သည့် ၉၆၉ အဖွဲ့များမှ ထိန်းသိမ်းပေးရန်ငြိမ်းချမ်း ရေးနှင့်သံတမန်ကွန်ယက်မှလည်း ပြန်လည်တောင်းဆိုခဲ့သည်။

“ အစွန်းရောက်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေနဲ့ပတ်သက်ပြီးတော့ ဆရာတော်အနေနဲ့နည်းနည်းသည်းခံပေး ပါ၊ အဲ့ဒီနှစ်ပေါင်း ၆၀လုံးအရိုးစွဲနေပြီဖြစ်လို့အဲ့ဒါကို ပြင်ဖို့အတွက်က အချိန်ယူရ ဦးမှာဖြစ်ပါတယ်” ဟုငြိမ်းချမ်းရေးနှင့်သံတမန် ကွန်ယက်အဖွဲ့ဝင် ဦးတင်ဝင်းက ပြောသည်။

မျိုးဆက်သစ်လူငယ်များ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ပြီး သံသယကင်းရှင်းစွာအယူသည်းအစွန်း ရောက်နေမှုများကို မြန်မာ-အစ္စလာမ်ဘာဘာဝင်များအကြားနှစ်ဘက်ရှင်းလင်းတင်ပြနိုင်ရေးအတွက် နှစ်ဘက်စလုံးမှဆက်လက်ကြိုးစားသွားမည်ဟုပြောကြားကာ နှစ်ဘက်အဖွဲ့အစည်းမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုမှာ ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး၊ ပထမအကြိမ်မှာ၂၀၁၃ခုနှစ် မေလပိုင်းက တွေ့ဆုံကာ နှစ်ဘက်ဘာသာ ရေးခေါင်းဆောင်များမှပဋိပက္ခမဖြစ်ပွားစေရေး ညှိနှိုင်းခဲ့ကြသေးသည်။

တွေ့ဆုံမှုကို ဇန်န၀ါရီလ(၂၃)ရက်နေ့က ရန်ကုန်သင်္ကန်းကျွန်းမြို့နယ် ငါးကျမ်းပျံ(ထားဝယ်) သာသနာ့ရိပ်သာ၌ မွန်းလွဲ(၁)နာရီမှ ညနေ(၄)၀န်းကျင်အထိပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်များနှင့် ကွန်ယက်အဖွဲ့ဝင်များသတင်းထောက်များတတ်ရောက် ခဲ့ကြသည်။

BY မိုးမြင့်ကျော်(မြစ်မခ)
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ - မ.ဘ.သ