သေနတ်အဝေးကြည့်မှန်ပြောင်း၊ကျဉ်အိမ်၊ဗုံးသီးထည့်အိတ်၊အီကွေ့မန့်ထည့်ဆာလာအိတ် များကျိုင်းတုံမြို့နယ်တွင်တွေ့ရှိ

ပို့စ်တင်ချိန် - 1/23/2014 10:00:00 PM




ကျိုင်းတုံ ဇန်နဝါရီ ၂၃

၂၀၁၄ခုနှစ် ဇန်န၀ါရီလ (၂၂)ရက် (၁၁း၃၀)နာရီအချိန်တွင် ကျိုင်းတုံမြို့နယ်၊ တာပင်းပူးပေါင်းစစ်ဆေးရေး စခန်း(ခန့်မှန်းမြေပုံညွှန်း-အန်ဒီ၇၈၇၇၅၀) ၌တာဝန်ကျမှုးယစ်တပ်ဖွဲ့စု(၂၈) မှဒုရဲအုပ် အောင်မင်းသန်း ဦးစီးတပ်ဖွဲ့ဝင်၊ ဒုရပရ(ကျိုင်းတုံ)မှ ဒုရဲအုပ်ထွန်းထွန်းနိုင် ဦးစီး တပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်ဦးစီးမှူးဦးအောင်လွင်ဦး၊ တိ/မွေး ကုဆရာဝန် ဒေါက်တာရန်နိုင်ဦး၊ သက်သေများသည့် ဦးကျော်ရဲအောင်၊ ဦးမျိုးမင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းလားမှကျိုင်းတုံသို့ ထွက်ခွာသွားမည့် ယာဉ်မောင်းစိုင်းဆမ်အွန် ၃၄နှစ်၊ (ဘ)ဦးနန်းနွန်း၊ ရှမ်း/ဗုဒ္ဒ ၁၃/ကတန(နိုင်)၀၈၆၉၀၈၊မ(၂၃၃) ၊ဆောက်ပျက်ရပ်၊ရပ်ကွက်(၂)၊ ကျိုင်းတုံမြို့နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက်အေးထွန်း၊ ၄၀နှစ် (ဘ)ဦးငွေသန်း၊ဗမာ/ဗုဒ္ဒ ၉/နထက(နိုင်)၀၀၃၄၅၄၊စွန်မွန်းကုန်း၊
ရပ်ကွက်(၁)ကျိုင်းတုံမြို့နေသူ လိုက်ပါလာသော ယာဉ်အမှတ်(၈ဈ/-----)၊ နီဆန်းအမျိုးအစား(၆)ဘီး၊ဖြူ+အပြာယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် အကောက်ခွန်မဲ့ပစ္စည်းများအားရှာဖွေရာ 50EA RF SIZE 64x36x30.5 GW စာတမ်းပါ စက္ကူဖာကြီး တစ်ဖာလျင် Bushieff BANNER DUSK &DAWN ဗူးခွံဖြင့် ထည့်ထားသည့် အလျား(၁၁.၈)လက်မ၊ပြောင်းဝအချင်း(၁.၅)လက်မခန့်ရှိ(စနိုက်ပါ)အဝေးကြည့်မှန်ပြောင်း(၅၀)ချောင်းစီပါ၊ စက္ကူကတ်ထူ ဖာကြီး(၅)ဖာ၊အဝေးကြည့်မှန်ပြောင်းစုစုပေါင်း(၂၅၀)ချောင်း၊ စက္ကူကတ်ထူ
ဖာကြီးအတွင်း အဖြူရောင်စက္ကူဗူးငယ်အတွင်းထည့်လျက်သေနတ်နှင့် အဝေးကြည့်မှန်ပြောင်း ဆက်စပ်ရာတွင် အသုံးပြုသောဆက်စပ်ပစ္စည်းများ ထည့်ထားသည့် ဗူးငယ်(၂၅၀)ဗူး၊ ပလပ်စတစ်ဆာလာအိတ်ကြီး(၁)အိတ်လျင်
(၁၀၀)ခုစီပါလက်နက်ကိုင်တပ်ဖွဲ့ဝင်များအသုံးပြုသော ကျဉ်အိမ်နှင့် ဗုံးသီးများထည့်ရန်အိတ်များနှင့် သိုင်းကြိုးပါအစိမ်းရောင်(တရုတ်နိုင်ငံလုပ်)အီကွေ့မန့်များထည့်ထားသည့်ဆာလာအိတ်ကြီး(၅)အိတ်၊ စုစုပေါင်းအီကွေ့မန့်(၅၀၀)ခု၊စက္ကူကတ်ဖာတစ်ဖာလျှင်စည်သွပ်အသားဗူး(၂၄)ဗူးစီပါ CANNED YUNNANHAMစာတမ်းပါတရုတ်နိုင်ငံလုပ် အကောက်ခွန်မဲ့စက္ကူကတ်ဖာ(၆၉)ဖာ၊ စုစုပေါင်း(၁၆၅၆)ဗူး၊ ကညနမှထုတ်ပေးသော ယာဉ်သက်သေခံလက်မှတ်(နံပါတ်--------)၊ ယာဉ်အမှတ်(၈ဈ/------)နံပါတ်NISSAN ဖြူ+အပြာရောင်)၊(၆)ဘီးယာဉ်(၁)စီးရှာဖွေတွေ့ရှိသော အကောက်ခွန်မဲ့ပစ္စည်းများအား ဒုရဲအုပ်အောင်မင်းသန်းမှသက်သေများ ရှေ့တွင်ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ဥပဒေအရ အရေးယူဆောင် ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်း သိရသည်။

MOI Webportal Myanmar