ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ကနေဒါ ပူးပေါင်းဆောင်ရွက်မည်

ပို့စ်တင်ချိန် - 1/22/2014 03:23:00 PM


ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Mr. Mark McDowell နှင့် နေပြည်တော်တွင် ယမန်နေ့က တွေ့ဆုံကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများ၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ ဆွေးနွေးကြောင်း သိရသည်။
ဧရာဝတီ