အခြေခံဥပဒေပြင်ရန် နမ့်စန်တွင် ၉၅ရာခိုင်နှုန်း ထောက်ခံ

ပို့စ်တင်ချိန် - 1/25/2014 04:17:00 PM


မဇ္ဈိမသတင်းဌာန| စနေနေ့၊ ဇန်နဝါရီလ ၂၅ရက်၊ ၂၀၁၄ခုနှစ်။

နမ့်စန်၊ မဇ္ဈိမ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၅ရက် နံနက် ၉နာရီ ခွဲခန့်တွင် နမ့်စန်ဘောလုံးကွင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဟောပြောပွဲ တစ်ရပ် ပြုလုပ်ခဲ့ရာ တက်ရောက်သူ ၉၅ရာခိုင်နှုန်းက ပြင်ဆင်ရန် ထောက်ခံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောပွဲကို နမ့်စန်ဒေသခံ ၄၀၀၀ခန့် တက်ရောက်ခဲ့သည်။
Mizzima Burmese