ငုံးဖောက်စက်ဝင်ရိုးတွင် ဦးထုပ်ကြိုးရစ်ပတ်ပါသွားခဲ့သဖြင့် လည်ပင်းအားညှစ်မိကာ သေဆုံး

ပို့စ်တင်ချိန် - 1/22/2014 09:00:00 PM


ရန်ကုန်၊ ဇန်န၀ါရီ ၂၂ ၂၂.၁.၂၀၁၄ ရက်နေ့ ၁၀၄၅အချိန်

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ ရွှေနံ့သာစံပြကျေးရွာတွင် အမျိုးသမီးတစ်ဦး ငုံးဖေါက်စက်နှင့်ဦးထုပ်ကြိုး တို့ ငြိကာလည်ပင်းအားရစ်ပတ်မိပြီး သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ငုံးဖေါက်စက်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးစန်းဖြစ်ပြီး ၎င်းတွင် နဖူးယာဘက်ဖူးရောင်ဒဏ်ရာဖြင့်လျှာထွက် လျက်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ငုံးဖေါက်စက်မော်တာ လည်ပတ်နေချိန် ငုံးဖောက်စက်အတွင်းသို့ဝင်ရောက်ခဲ့စဉ် ဦးခေါင်း၌ဆောင်းထားသော နီညိုရောင်သိုးမွှေးဦးထုပ်၏ အရှည်(၃)ပေခွဲခန့်ရှိမေးသိုင်းကြိုးမှာ ယင်းစက်၏ရှပ်တန်းဝင်ရိုးအစွန်းတွင် ရစ်ပတ်ကာပါသွားသဖြင့် လည်ပင်းအားညှစ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ၎င်းသေဆုံးရခြင်းနှင့်ပတ်သက်၍ ထောက်ကြန့်နယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police