ကျားဖြူ ပါတီမဖျက်လိုကြောင်း ပါတီဝင်များဆန္ဒပြု -အမျိုးသားရေးအတွက် ပါတီဖျက်သင့်ရင်ဖျက်မည်ဟု ကျားခေါင်းပါတီ ပြော

ပို့စ်တင်ချိန် - 1/09/2014 02:26:00 PM


သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ တတိယအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းမှ အဖွင့် အမှာစကားပြောကြားစဉ်

9.1.2014

မူစယ်မြို့ ကျားဖြူပါတီ တတိယအကြိမ် ညီလာခံတက်ရောက် သူတွေက ပါတီမဖျက်သိမ်းလိုကြောင်း တစ်သံတည်း ဆန္ဒပြု ကြအချိန် SNLD ပါတီကမူ အမျိုးသားရေးအတွက်လိုအပ်ပါက ကျားခေါင်းပါတီ ဖျက်ဖို့ အဆင်သင့် ရှိကြာင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

မူစယ်မြို့၌ ကျားဖြူပါတီ ညီလာခံ နောက်ဆုံးနေ့ ဂျန္နဝါရီ ၉ ရက် နံနက်ပိုင်း တွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက ‘ပါတီမဖျက်လို ဘူးလို့ သဘောတူရင် ထရပ်ပါ’ ဟု စင်ပေါ်တက်ပြီးမေးသည့်အချိန် ပါတီမဖျက် လိုကြောင်း လူတဦးမကျန် မတ်တပ်ရပ် ထောက်ခံခဲ့ကြသည်ဟုဆိုသည်။

“ကျားဖြူပါတီအပေါ် ပါတီဝင်တွေရဲ့ သဘောထား သိရအောင် ညီလာခံမှာ စင်ပေါ်တက်မေးတယ်လေ။ တယောက်မကျန် ထပြီးပါတီမဖျက်လိုကြောင်း ဆန္ဒပြုထောက်ခံပါတယ် ” - ဟု ကျားဖြူပါတီ ဥက္ကဌ၊ သျှမ်းပြည်နယ်အစိုးရ သစ်တော နှင့် သတ္တုဝန်ကြီးဌာန စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့် အားပြော သည်။

တချိန်တည်းမှာပင် ရန်ကုန်မြို့ ကျားခေါင်းပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ် က ‘ကိုယ်ရေးကိုယ်တာ နဲ့ ပါတီအရေးဆို ပါတီကိုဦးစားပေးမယ်။ ပါတီနဲ့ အမျိုးသားရေးဆို အမျိုး သားရေး ကို ဦးစားပေးမယ်။ မိမိအမျိုးသားရေးကောင်းစားဖို့ စည်းလုံးညီ ညွတ် ဖို့အတွက် ပါတီပေါင်းစည်းဖို့ လိုအပ်ရင်ပါတီ ဖျက်သိမ်း သင့်ရင်လဲ ဖျက်သိမ်းမယ်’ ဟု သျှမ်းသံတော်ဆင့် အားပြောသည်။

SNLD ပါတီအထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်လည်း ဆဲန်ပိုင်းဂျာနယ် အမှတ်စဉ် ၁၀ တွင် ထိုသို့ ပြောကြားခဲ့ပါသည်။

သျှမ်းပြည်ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေး ပွဲဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သော သျှမ်းလူငယ်များက ၂၀၁၂ နှောင်း ပိုင်းက စစ်တမ်းကောက်ယူရာ သျှမ်းလူငယ် ၉၀ ရာခိုင်နှုန်းေ ကျာ် က ကျားဖြူနှင့် ကျားခေါင်း ပါတီပေါင်းစည်းရန်၊ သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) အမည်ရ RCSS/SSA နှင့် သျှမ်းပြည်တပ်မတော်(မြောက်ပိုင်း) အမည်ရ SSPP/SSA တို့ပေါင်းစည်းရန် ဆန္နရှိကြသည်ဟုသိရပါသည်။ သို့သော် အစိုးရ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပါတီနှစ် ခု ပေါင်းစည်းလျှင် လက်ရှိမိခင် ပါတီအား ဖျက်သိမ်းရမည်ဟု စည်းမျဉ်းချမှတ်ထားပါသည်။

သျှမ်းသံတော်ဆင့်