စိန်ပန်းပင်လဲကျပိမိ၍ ၁ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 1/22/2014 10:00:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဘောဂရပ်ကွက်၊ ဗားကရာလမ်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်း အတွင်းမှ လုံးပတ်(၃)ပေကျော်ခန့်ရှိစိန်ပန်းပင်မှာ ဗားကရာလမ်းဘက်သို့လဲကျခဲ့ရာ လမ်းပေါ်တွင်သွယ်တန်း ထားသော ဖုန်းကြိုးများပေါ်သို့လဲကျပြီး လမ်းလျှောက်လာသည့် ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကလေး ရပ်ကွက်၊ ဈေးကလေးလမ်းနေ မဇင်မာ(၃၃)နှစ်၏ခါးပေါ်သို့ ထပ်မံပိမိခဲ့သည်။ စိန်ပန်းပင်လဲကျပိမိ မှုကြောင့် ကွန်ကရစ်ဖုန်းတိုင်(၂)တိုင်နှင့် ဓါတ်တိုင်မီးကြိုး(၁)တိုင် လဲကျပျက်စီးခဲ့ပြီး မဇင်မာတွင် ခါးနာကျင်၊ ၀ဲ/ယာခြေသလုံးပွန်းစုတ်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့သည်။ အဆိုပါ လဲကျခဲ့သည့်စိန်ပန်းပင်၊ ကွန်ကရစ်ဖုန်းတိုင်(၂)တိုင်နှင့် ဓါတ်တိုင်မီးကြိုး (၁)တိုင်တို့အား ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လျှပ်စစ်ဝန်ထမ်း များမှ ၀ိုင်းဝန်းရှင်းလင်းခဲ့ရာ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီအချိန် ရှင်းလင်းမှုပြီးဆုံး ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇာနည်