မမျှတတဲ့ အလုပ်သမားနည်းဥပဒေ ပြင်ဆင်ဖို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် တိုက်တွန်း

ပို့စ်တင်ချိန် - 1/25/2014 06:40:00 PM


မြန်မာအစိုးရသစ် ပြဌာန်းထားတဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းဥပဒေကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ရေးဆွဲဖို့ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဇန်နဝါရီ ၂၄ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အလုပ်သမားအခွင့်အရေးကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို တရားစွဲဆိုနိုင်တဲ့အခွင့်အလမ်း ကင်းမဲ့ တာကြောင့် အစိုးရရဲ့ နည်းဥပဒေကို ပြစ်တင်ရှုတ်ချလိုက်ပြီး ဥပဒေသစ် ပြင်ဆင်ရေးဆွဲဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

ပလိပ်၊ မန္တလေးက ချည်မျှင်နဲ့ အထည်ချုပ်ရုံတွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ အလုပ်က ထုတ်ပစ်ခံနေရတဲ့ပြဿနာတွေတွေကို အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (ယာယီ)မှာ ဆွေးနွေးခဲ့ကြပြီး အစိုးရဦးဆောင်တဲ့ ပညာရေးအဆင့်မြှင့်ဆွေးနွေးပွဲကို ဆရာတွေနဲ့ ကျောင်းသား သမဂ္ဂတွေ သပိတ်မှောက်ခဲ့တာကိုလည်း ထောက်ခံခဲ့ကြပါတယ်။

Kamayut Media