လူမရှိခိုက် အိမ်အတွင်းဝင်ခိုးသူအား အရေးယူ

ပို့စ်တင်ချိန် - 1/22/2014 06:00:00 AM


နေပြည်တော်၊ ဇန်န၀ါရီ ၂၁
၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ကြက်ဆူတောကျေးရွာနေ အောင်ကျော်စိုး(၄၂)နှစ်သည် ရွာတောင်ပိုင်းတွင် နွားကျောင်းပြီး နေအိမ်သို့ပြန်လာစဉ် နေအိမ်ရှေ့အရောက် အိမ်နီးချင်းဖြစ်သူ ကိုအေးကို၊ ကိုအောင်သန်းခိုင်နှင့် ကိုမြင့်မောင်တို့ (၃)ဦးမှ အမည်မသိအမျိုးသားတစ်ဦးအား သူခိုးဟုအော်၍ နောက်မှလိုက်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့နောက် ကိုအေးကိုတို့(၃)ဦးနှင့် လက်ပံရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့က အမည်မသိအမျိုးသားအား ထိန်းသိမ်းခေါ်ဆောင်လာသည်ကိုတွေ့ရပြီး ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင်မေးမြန်းရာ တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၂)ရပ်ကွက်နေ ဇော်ထက်အောင်(၂၁)နှစ် ဖြစ်ကြောင်း၊ အောင်ကျော်စိုး၏နေအိမ်ရှိ သံသေတ္တာအတွင်းမှ ကျောက်နီနားကွင်း(၁)ရံနှင့် ငွေကျပ်(၈၀၀၀ိ/-)အား လူမရှိခိုက်ဝင်ရောက် ခိုးယူလာကြောင်း ပြောပြသိရှိရသဖြင့် ဇော်ထက်အောင်အား တောင်တွင်းကြီးမြို့မ ရဲစခန်း(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်