ကျန်ရှိတဲ့ ၂၆ လ အတွင်းမှာ ပြည်သူကို အကျိုးပြုမယ့် ကဏ္ဍ ၇ ရပ် ကို ဦးစားပေး အစီအစဉ်နဲ့ လုပ်ဆောင်သွားဖို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်

ပို့စ်တင်ချိန် - 1/27/2014 07:13:00 PM




မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုများ စတင်ရရှိနေပြီ ဖြစ်ပေမယ့် အပြည်ပြည်ဆိုင်ရာအဆင့်ကို တက်လှမ်းဖို့ များစွာ လုပ်ဆောင်ရမှာ ဖြစ်သလို ကျန်ရှိတဲ့ ၂၆ လ အတွင်းမှာ ပြည်သူကို အကျိုးပြုမယ့် ကဏ္ဍ ၇ ရပ်ကို ဦးစားပေး အစီအစဉ်နဲ့ လုပ်ဆောင်သွားဖို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။

လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွား လုပ်ငန်း တိုးတက်ရေး၊ ငွေကြေး လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု တိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေး အစီအစဉ်နဲ့ အကောင် ထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ဖွင့်ပွဲမှာ သမ္မတက ပြောဆိုလိုက်တာပါ။

၂၀၁၄-၁၅ ခုနှစ်မှာ နိုင်ငံရဲ့ ဂျီဒီပီ (အသားတင်ပြည်တွင်း ကုန်ထုတ်မှု)ကို ၉.၁ ရာခိုင်နှုန်း တိုးတက်အောင် ဆောင်ရွက်ဖို့ ရည်မှန်းထားတယ်လို့လည်း ဆိုပါတယ်။ ဒီဖိုရမ်ကို ကမာဘဏ် ဥက္ကဋ္ဌ အပါအ၀င် သံအမတ်များ၊ နိုင်ငံတကာက ကျွမ်းကျင်သူများ၊ ပညာရှင်များ လူမှုရေး အဖွဲ့အစည်းများက ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ပါတယ်။

DVB TV News