ရခိုင်ပဋိပက္ခအပေါ် မှားယွင်း သတင်းထုတ်ပြန်ချက် ဗြိတိသျှသံရုံး ပြန်လည်ရုပ်သိမ်း

ပို့စ်တင်ချိန် - 1/31/2014 05:13:00 PM


မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဇန်န၀ါရီ ၂၃ ရက်နေ့တွင် မှားယွင်းသတင်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်း ထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းကြောင်း ဗြိတိသျှ သံရုံးမှ ယနေ့ ကြေညာချက် ထုတ်ပြန် သည်။ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း အဖြစ်အပျက်များ အပေါ် များစွာ စိုးရိမ်မိပါကြောင်း၊ ယင်းကြောင့် မြန်မာ အစိုးရအား လွတ်လပ်ပြီး ထင်သာမြင်သာ ရှိသည့် စုံစမ်းစစ်ဆေးမှုများ အလျင်အမြန် ပြုလုပ်ရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်နယ် ဒုချီးယားတန်းရွာတွင် ရိုဟင်ဂျာ မွတ်စလင်များ သတ်ဖြတ်ခံသည့် အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဗြိတိသျှသံရုံးနှင့် အမေရိကန် သံရုံးတို့က ပူးတွဲ သတင်းထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းခြင်း ဖြစ်သည်။

Irrawaddy ဧရာဝတီ သတင်း