နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြားသဘောထားကွဲ လွဲမှု ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲ ပြေလည်အောင် ဖြေရှင်းမည်ဟူသော စိတ်ဓာတ်ထားရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ပို့စ်တင်ချိန် - 1/30/2014 06:00:00 AM




နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်အကြား သဘောထားကွဲလွဲမှုရှိနေသည့်အပေါ် ပြဿနာဖြစ်လာပါက ဖြေရှင်းရမည်ဖြစ်ပြီး ယခင်ကတည်းက မည်သို့ပဋိပက္ခ ဖြစ်မည်ကို မစဉ်းစားဘဲပြေလည်အောင် ဖြေရှင်းမည်ဆိုသည့် စိတ်ဓာတ်ထားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

၎င်းအနေဖြင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဇန်န ဝါရီ ၂၈ ရက်နေ့က လွှတ်တော်၌ ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ပွားရခြင်းသည် ဥပဒေများ ပြဋ္ဌာန်းခြင်းဆောင်ရွက်သည့် အခါတွင်နိုင်ငံတော်သမ္မတ၏သဘောထား အား လွှတ်တော်မှ စိစစ်ခြင်းအပေါ် လက်မခံသည့် သဘောမျိုးဖြစ်ပါသလား ဟု မေးမြန်းခြင်းကိုလည်း နှစ်ဖက် မျှမျှတတကြည့်ရမည်ဟုလည်း သုံးသပ် ပြောကြားခဲ့သည်။

''ဒီလိုလည်း ကြည့်လို့ မရဘူးလေ။ နှစ်ဖက်ကြည့်ရမှာပေါ့။ ဒီဘက်က သမ္မတရဲ့ သဘောထားတွေကို လက်မခံတာလား၊ သမ္မတက ဒီဘက်က သဘောထားတွေကို လက်မခံတာလား။ အဲဒါ ဟိုဘက်ဒီဘက် ကြည့်ရမှာပေါ့။ တစ်ဖက်သတ်ကြည့်လို့ ဘယ်ဖြစ်မလဲ။ မျှမျှတတကြည့်ရမယ်''ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

P-048
Popular Myanmar News Journal