စစ်အစိုးရခေတ် ကားစုစုပေါင်း ၃၀ ရာခိုင်နှုန်းကို သံရည်ကြိုစက်ပို့

ပို့စ်တင်ချိန် - 1/29/2014 09:00:00 PM


စစ်အစိုးရခေတ်က တင်သွင်းသုံးစွဲခဲ့တဲ့ ကားစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို သံရည်ကြို စက်ပို့ ဖျက်သိမ်းပြီးဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။

ယာဉ်အိုနဲ့ ယာဉ်ဟောင်း ဖျက်သိမ်းရေး စီမံချက် စတင်တဲ့ ၂၀၁၁ အောက်တိုဘာ မတိုင်ခင် မြန်မာပြည်မှာ ကားစီးရေ စုစုပေါင်း ၂ သိန်း ၈ သောင်းကျော် ရှိတဲ့အနက် ကားစီးရေ ၈
သောင်းကျော်ကို ဖျက်သိမ်း စာရင်းသွင်းပြီးနောက် ပြည်ပကနေ ကားပြန်တင်သွင်းခွင့် ပေးခဲ့တယ်လို့ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကားပြခန်းတွေအတွက် အပါအ၀င် ပြည်သူတွေကို ကားစီးရေ စုစုပေါင်း ၁ သိန်း ၇ သောင်းကျော် တင်သွင်းခွင့်ပြုခဲ့တဲ့အတွက် ၂ နှစ်ကျော်အတွင်း ကားစုစုပေါင်း ၂ သိန်း ၆ သောင်းနီးပါး တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတွက် အကောက်ခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဘီလျံ ၇၄၀ နီးပါး ရခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

DVB Burmese