ရေကူးပြိုင်ပြီး ရေနစ်နေတဲ့ လူကို ရေမကူးတတ်ဘဲ ဆင်းဆယ်သူ ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 1/10/2014 10:59:00 AM


၉.၁.၂၀၁၄ ရက်နေ့ ၁၃၃၀ အချိန် မြောက်ဥက္ကလာပမြို့နယ်၊
ဝေဘာဂီနယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်၊ သဇင်လမ်းနှင့် ပတ္တမြားလမ်းထောင့်ရှိ အကျယ်ပေ(၂၀၀) ပတ်လည်၊ အနက်(၇)ပေခန့်ရှိသော ရေကန်အတွင်း၌ လူတစ်ဦး
ရေနစ်သေဆုံးနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာသေဆုံးသူမှာ ဦးဌေးအောင်(ဘ)ဦးမြင့်သိန်း၊မင်္ဂလာဒုံမြို့နယ်နေသူဖြစ်ပြီး၎င်းတွင်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ
ရေနစ်သည့်လက္ခဏာဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍စုံစမ်းရာ သေဆုံးသူဦးဌေးအောင်၏သား
မောင်ရဲဝင်းအောင်နှင့် မောင်သက်နိုင်ဦးတို့(၂)ဦးသည် ကန်ဘောင်တွင် အရက်အတူသောက်ကြပြီး ၁၂၀၀အချိန်ခန့်တွင် ရေကန်အတွင်းဆင်း၍ရေကူးပြိုင်ကြစဉ် မောင်သက်နိုင်ဦးမှာရေနစ်နေသဖြင့်
သေဆုံးသူသည်ရေမကူးတတ်ဘဲဆင်း၍ဆယ်ယူရာမှ ရေနစ်မြုပ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊
မောင်သက်နိုင်ဦးအား အနီးပတ်ဝန်းကျင်ရှိလူများမှဆယ်ယူနိုင်ခဲ့သဖြင့်
သေဆုံးခဲ့ခြင်းမရှိကြောင်းသိရှိရပါသည်။

၎င်းဦးဌေးအောင် ရေနစ်သေဆုံးမှုအား ဝေဘာဂီနယ်မြေရဲစခန်း
သေမှုသေခင်းအမှတ်စဉ်(၁/၂၀၁၄) ဖြင့် ရေးဖွင့်ကာစစ်ဆေးလျက်
ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police