ကျောက်ဖြူ-မအီ မဟာဓါတ်အားလိုင်း ဓါတ်တိုင်များစိုက်ထူမူကြောင့် လယ်မြေများပျက်စီး

ပို့စ်တင်ချိန် - 1/08/2014 08:40:00 PM


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မအီအကြား မဟာဓါတ်အားလိုင်းအတွက် ဓာတ်တိုင်များ စိုက်ထူနေရာ လယ်မြေများကို ဖြိုချ တူးပစ်သဖြင့် လယ်မြေများ ပျက်စီးနေသည်ဟု လယ်သမားများက နိရဉ္စ္ဂရာသို့ ရေးသားသောစာထဲတွင် ဖေါ်ပြသည်။

ယခုကဲ့သို့ လယ်မြေများထဲသို့ ၀င်ရောက်ပြီး ဓာတ်မီးတိုင်များ စိုက်ထူရန်အတွက် လယ်မြေများကို ဖြိုချတူးပစ်နေသော်လည်း လယ်ပိုင်ရှင်များထံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တစ်စုံတစ်ရာ အကြောင်းကြားခြင်း၊ အသိပေးခြင်းများမရှိကြောင်း လယ်သမားများက ပြောဆိုသည်။

မဟာလျှပ်စစ်လိုင်းအတွက် ဓာတ်မီးတိုင်များ စိုက်ထူမူကြောင့် လယ်မြေများ ပျက်စီးသည့်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပိုင်ရှင် လယ်သမားများကို တစ်စုံတစ်ရာ အသိပေး အကြောင်းကြားခြင်း မရှိဘဲ လယ်မြေများကို ကျူးကျော်ဝင်ရောက် လုပ်ကိုင်နေခြင်းသည် နိုင်ငံသားများ၏ ရပိုင်ခွင့်ကို အသိအမှတ်မပြုရုံမျှမက မထီမဲ့မြင် ပြုလုပ်ရာရောက်သည်ဟု ခံစားမိကြောင်း လယ်သမားများက သူတို့၏ ပေးပို့သောစာထဲတွင်ဖေါ်ပြထားသည်။
Burmesenews narinjara