ရန်ကုန်ဘူတာကြီး ဘက်ခြမ်း၊ ခုံးကျော်တံတားအနီး ကားသစ်ကြီးများ ၀ယ်/ရောင်းပြုလုပ်နေ

ပို့စ်တင်ချိန် - 1/03/2014 02:50:00 PM


ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဗိုလ်ချုပ်လမ်း (ဘူတာကြီး ဘက်ခြမ်း) ပန်းဆိုးတန်း ဂုံးကျော် တံတားကြီး အနီးတွင် ကား shoe room မှ ကိုယ်စားလှယ် ဟူ၍ အများပြည်သူ သွားလာရာ တက္ကစီ ရပ်တန့် သည့် နေရာ တွင် ၀ယ်/ရောင်းကားများနေရာ ယူထားသဖြင့် ကားရပ်ကာ သန့် စင်ခန်းသွားသော တက္ကစီမောင်း ဆရာကိုကျော်မြင့်က ကားနှစ်ထပ် ရပ်၍ ဒဏ်ရိုက်ခံရသည်ဟု ဇန်န ၀ါရီလ ၁ရက်တွင် မြန်မာ့သံတော်ဆင့် သို့ပြောသည်။

၎င်းက ““ဒီနေရာမှာ ၀ယ်/ ရောင်း ကားကြီးတွေ ရပ်တာ နေ့ညမပြတ် ရပ်ထားတယ်။ ယာဉ် ရပ်နားခလည်း ပေးစရာမလိုတော့ ခုဆို လေးငါးခြောက်လ ကြာလှ ပေါ့ဗျာ။ သူတို့ကတော့ ယာဉ်ရပ် ရမယ့်နေရာမှရပ်တယ်။ ခပ်တည်တည်ပဲ။ ကျွန်တော်တို့က ဒီနားမှာ သန့်စင်ခန်းရှိလို့ သွားချင်တာနဲ့ မအောင့်နိုင်လို့ သွားမိပါတယ်။ ကားက နှစ်ထပ်ဖြစ်လို့ ဒဏ်ရိုက်ခံ လိုက်ရတယ်။ ဒါကိုတာဝန်ရှိတဲ့ သူတွေက မသိကြတော့ဘူးလား။ အံ့သြ ပါတယ်။ ဒီကားတွေ show room ကနေယူပြီး ပြည်သူတွေ သွားလာနေတဲ့ နေရာမှာ ၀ယ် ရောင်းလာ လုပ် တယ်။ ဘာတစ်ပြား မှမကုန်ဘူး။ show room က ၀န်ထမ်း စရိတ်တွေ နေရာအကျယ် အ၀န်းတွေကြောင့် သူက ဈေးများတယ်။ ဒီအများသွားတဲ့ လမ်းဘေး ကားရပ်ထားပြီး ၀ယ်ရောင်းလုပ် တာ ပိုဈေးချိုတယ်။ ဒီတော့ တစ် ဆင့်စကားနဲ့ လာကြတာပေါ့”” ဟု ပြောသည်။ …

ပန်းဆိုးတန်း ခုံးတံတားအနီး အကြော်သည် ကုလားမကလည်း ““ဟုတ်တယ်။ ဒီကားကြီးတွေ ဒီမှာရပ်ပြီး ၀ယ် ရောင်း လုပ်နေတာ အတော်ကြာပြီ။ ခရီးသည်တင် တက္ကစီကားတွေက အဲဒီမှာ မရပ် ရဘူး။ အရင်က ကား နံပါတ်ပြား တောင်မတပ်ဘူး။ ခုမှ ဘယ်သူ အကြံပေးသလဲ မသိဘူး။ နံပါတ် ပြား တွေတပ်ထားတယ်။ လမ်း ဘေးမှာ စည်းကမ်းတကျနဲ့ ရပ်ထားတော့လည်း ဘယ်သူကမှ သတိမထားမိဘူးနဲ့ တူတယ်”” ဟု ပြောသည်။

အဆိုပါ လမ်းဘေးတွင် ကားသစ်ကြီးများ ၀ယ်ရောင်းလုပ် နေကြတာ ကားပွဲစားတန်းမှာ ဗိုလ်အောင်ကျော်လမ်း၊ ခရစ်ယာန် ဘုရားကျောင်းရှေ့နဲ့ အလာဒင်ရှေ့တွင် ၀ယ်ရောင်းလုပ်ကြသည်ဟု တက္ကစီမောင်းသမား ကိုကျော်မြင့်က ဖြည့်စွက်ပြောသည်။

စိန်မျက်ခုံး
Myanmartandawsint Newspaper