မြို့နယ် စည်ပင်သာယာရေးကော်မတီ စတုတ္ထသုံးလပတ် လုပ်ငန်းစီမံကိန်းများ ရာနှုန်းပြည့်နီးပါးပြီးစီး

ပို့စ်တင်ချိန် - 1/16/2014 12:00:00 AM


အောင်လံ၊ ဇန်နဝါရီ ၁၅။

အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ စတုတ္ထသုံးလပတ် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းစီမံကိန်းအ ဖြစ် လုပ်ငန်းလေးမျိုး ဆောင်ရွက်လျှက်ရှိရာ လုပ်ငန်းအားလုံး ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ကပြောသည်။

၂၀၁၃၊၁၄ ဘဏ္ဍာနှစ် စတုတ္ထလေးလပတ် လုပ်ငန်းများအဖြစ် အောင်လံမြို့ ဇေယျဝတီရပ် ယုဇန်လမ်းအား (၅၇၀ ပေ(၁၂)ပေကတ္တရာ ခင်းပေးခြင်း၊ ရွှေပြောင်ပြောင်ဘုရားရှေ့ လမ်းမတော်လမ်းအား(၇၅၀)ပေ (၂၃)ပေ ကတ္တရာခင်းပေးခြင်း၊  မကျည်းကုန်း စိန်စီကျောင်းလမ်း၊ ကျောက်ချောခင်းနှင့် ကွန်ကရစ်ရေပြွန် (၆၃၀) ပေ (၁၂)ပေ တည်ဆောက်ပေး ခြင်းနှင့် ရေငံကြီးကျေးရွာ (၂)လက်မစက်ရေတွင်း၊ ရေလှောင်ကန်နှင့် ရေစက်ရုံ တည်ဆောက်ပေးခြင်း လုပ်ငန်းများပါဝင်ကြောင်းလည်း သိရသည်။

လုပ်ငန်းအားလုံး၏ စုစုပေါင်းငွေ တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၂၈၈၅)သိန်းရှိကြောင်းလည်း အမှုဆောင် အရာရှိ၏ ပြောပြချက်အရ သိရသည်။

ယင်းအပြင် အောင်လံမြို့နယ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအဖြစ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန လုပ်ငန်းကြီးကြပ် ဆောင်ရွက်မှုဖြင့် ကျေးလက်လမ်းများ ခင်းပေးခြင်းလုပ်ငန်း များဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

လင်းသက်
The Myanma Age