လမ်းလယ်ကျွန်းအားတိုက်မိ၍ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 1/22/2014 10:30:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် ဥတ္တရသီရီမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၈၅/၂-၃)အကြား ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှပုဂံသို့ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်နေ သိန်းမြင့်(၅၁)နှစ် မောင်းနှင်သော ၆ခ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်မှာ ရှပ်တန်းကျိုးပြီး လမ်းလယ်ကျွန်းကာရံ ထားသော အတားအဆီးများအားတိုက်မိကာ လမ်းပေါ်၌တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ (၁၇)ဦးအနက် သိန်းမြင့်၌ ၀ဲဘက်လက်ခလယ်ပြတ်ရှဒဏ်ရာ၊ တစ်ရပ်ကွက်နေသူ များဖြစ်ကြသော ဒေါ်စန်းရီ(၇၆)နှစ်ပါ (၅)ဦးတို့တွင်ဒဏ်ရာများအသီးသီးရရှိခဲ့ကြပြီး ယာဉ်တိမ်းမှောက်မှုကြောင့် အဆိုပါ ယာဉ်မှာ ရှပ်တန်းကျိုး၊ ယာဘက်ရှေ့တံခါးပိန်ချိုင့်၊ တံခါးမှန်ကွဲ၊တန်ဘိုးငွေ (၁)သိန်းကျပ်ခန့် ပျက်စီးဆုံးရှုံး ခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ သိန်းမြင့်အား ပန်းတင်အမြန်လမ်းရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်