အရှိန်မထိန်းနိုင်သောကားချောက်ထဲထိုးကျ

ပို့စ်တင်ချိန် - 1/22/2014 11:00:00 PM


နေပြည်တော်၊ ဇန်န၀ါရီ ၂၂

၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နေ့လည် ၃ နာရီအချိန် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင်အမှတ်(၂၇/၂-၃)အကြား၌ ယာဉ်မတော်မဆဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်နေ ဘုန်းမြတ်ဝင်း(၂၀)နှစ် မောင်းနှင်သော 9D/xxxx မတ်တူးမီးခိုးရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ချောက်ထဲသို့ ထိုးကျ ရပ်တန့်သွားခဲ့ပြီး ယာဉ်ပေါ်ပါရှိသူ(၄)ဦးစလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ယာဉ်မတော်တဆမှုကြောင့် 9D/xxxx မတ်တူးမီးခိုးရောင်ယာဉ်မှာ ရှေ့ဘန်ဘာပြုတ်ထွက်၊ ရေတိုင်ကီပေါက်၊ တန်ဘိုး ငွေကျပ်(၃)သိန်း ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဘုန်းမြတ်ဝင်းအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်