ယာဘားဆေးများတားဆီးရန် မြန်မာနယ်စပ်အနီးတွင် လေ့ကျင့်ပီးသားခွေးများ ဘင်္ဂလာမှ ချထားမည်

ပို့စ်တင်ချိန် - 1/09/2014 02:33:00 PM


(နိရဉ္စရာ- ၉ ဇန်န၀ါရီလ ၂၀၁၃)

မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလာဒေခ်ျ့မှ စစ်ဆေးရေးဂိတ်များတွင် လေ့ကျင့်ပြီးသား ခွေးများကို ချထားမည်ဟု ဘင်္ဂလာဒေခ်ျ့ ပြည်ထဲရေးဌာန ညွှန်ကြားရေးမှူး Moin Uddin Khadakar က သတင်းထောက်များသို့ ပြောကြားသည်။

ယခုကဲ့သို့ လေ့ကျင့်ပြီးသားခွေးများအား ချထားရန်မှာ မြန်မာနိုင်ငံမှ ၀င်ရောက်နေသော ယာဘားဆေး (စိတ်ကြွရူးသွပ်ဆေးပြား) များကို တားဆီးရန်အတွက် ဖြစ်သည်ဟု သူက ဆိုသည်။

၎င်းခွေးများဖြင့် မြန်မာနိုင်ငံမှ တင်သွင်းလာသော ယာဘားဆေးပြားများကို အနံ့ခံ စစ်ဆေး ဖေါ်ထုတ်သွားမည်ဟု ပြောသည်။

၎င်းခွေးများကို မြန်မာနယ်စပ် အနီးရှိ တက်ကနက်- ကော့စ်ဘဇား အဝေးပြေးလမ်းပေါ်ရှိ မရစ်သာ စစ်ဆေးရေးဂိတ်နှင့် ရာဇူးကာရှိ မရိန်းအနီးတွင် ထားရှိသွားမည်ဟု ဆိုသည်။

ဒေသအတွင်းမှ ဘီဂျီဘီ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများမှ ယခုအခါ ပြည်ထဲရေးဌာနမှ အမိန့်ထုတ်ပြန်ထားပြီ ဖြစ်သဖြင့် မြန်မာမှ ၀င်လာသော ယာဘားဆေးပြားများ ၀င်ရောက်နေမူကို ထိန်းချုပ်ရန် လေ့ကျင့်ပီးသား ခွေးများကို မကြာခင် ချထားတော့မည်ဟု ဆိုသည်။

မြန်မာနိုင်ငံဘက်မှ ယာဘားဆေးပြားများဝင်ရောက်နေမူကို ဘင်္ဂလာဒေခ်ျ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် တားဆီးနှိမ်နှင်းနေသော်လည်း ပုံစံမျိုးစုံဖြင့် လမ်းကြောင်းအမျိုးမျိုးမှ ဆက်လက် ၀င်ရောက်နေသဖြင့် ယခုလို လေ့ကျင့်ပီးသား အနံ့ခံ ခွေးများကို ချထားကာ တားဆီးရန် အာဏာပိုင်များက ကြိုးပမ်းလာခြင်း ဖြစ်သည်။
Burmesenews narinjara